A d v e r t i s e m e n t With Us

ဟာဇက်ကို တပတ် ပေါင် ၃ သိန်းဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ချဲလ်ဆီး နီးစပ်

ဓာတ်ပုံ - ရိုက်တာ
ချဲလ်ဆီးအသင်းဟာ တောင်ပံကစားသမား ဟာဇက်ကို တပတ် ပေါင်သုံးသိန်းပေးပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပါတယ်။ ဟာဇက်ဟာ ချဲလ်ဆီးအသင်းနဲ့ ၂၀၂၀ အထိ စာချုပ်သက်တမ်း ရှိသေးပေမယ့် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတာကြောင့် ချဲလ်ဆီးအသင်းက စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတာပါ။ အသက် ၂၇ နှစ်ရှိတဲ့ ဟာဇက်အနေနဲ့ ချဲလ်ဆီးအသင်းနဲ့ စာချုပ်ကို လေးစားရမှာဖြစ်ပေမယ့် စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အခါ ဘာမဆိုဖြစ်သွားနိုင်တယ်လို့ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောကြားဖူးပါတယ်။ ချဲလ်ဆီးဂိုးသမား ကော့တွိုက်စ်ကိုလည်း ရီးရဲလ်အသင်းက ပစ်မှတ်ထားနေတာကြောင့် ကော့တွိုက်စ်ကို စာချုပ်သက်တမ်းတိုးဖို့လည်း ချဲလ်ဆီးအသင်းက ကြိုးပမ်းနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up