Home
မြန်မာသတင်း
နှစ်ပေါင်း ၇၀ အတွင်း မြန်မာ့ဆန် ပြည်ပသို့ စံချိန်တင် တင်ပို့နိုင်
ပြည့်ဖြိုးကျော်
·
February 27, 2018
  နှစ်ပေါင်း ၇၀ အတွင်းမှာ မြန်မာ့ဆန်တင်ပို့မှု စံချိန်တင်နိုင်ခဲ့ပြီလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသန်းမြင့်က ပြောကြားလိုက်ပါတယ်။ အခုဘဏ္ဍာနှစ်အတွင်းလက်ရှိ အချိန်အထိ ဆန်တန်ချိန် ၃ သန်းကျော် တင်ပို့ထားပြီး ဒါဟာဆိုရင် နှစ်ပေါင်း ၇၀ ကျော်အတွင်း အများဆုံးပမာဏနဲ့ စံချိန်တင် တင်ပို့နိုင်တာဖြစ်တယ်လို့ ၀န်ကြီးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ  ရေးသားထားတာပါ။ ကမ္ဘာဆန်ဈေးက အမြင့်ပိုင်းမှာရောက်ရှိနေတာကြောင့် ဆန်တင်ပို့မှုဟာ ဆက်လက် တိုးတက်လာနိုင်တဲ့အပြင် ဈေးကွက်အတွင်းမှာ တရုတ်နိုင်ငံဝယ်လက်ကို မှီခိုနေရတဲ့ အခြေအနေကို လျော့ချနိုင်ဖို့ လိုအပ်တယ်လို့ ပြည်တွင်း ဆန်ကုန်သည်တွေက ဆိုပါတယ်။ ဒီနေ့ခေတ်ကာလမှ  ဆန်ထုတ်လုပ်မှုပိုင်းမှာ စက်ကရိယာတွေ တွင်တွင်ကျယ်ကျယ်သုံး လာပြီး အလေအလွင့်နည်းပါးသွားတာကြောင့် မြန်မာ့ ဆန်တင်ပို့မှုပြန်မြင့်လာတယ်လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။ ဒါ့အပြင် ရေရှည်ဆန်ဈေးကွက်ကောင်းမွန်စေဖို့ ဆန်စပါးဥပဒေရေးဆွဲနေတဲ့အပြင် တောင်သူလယ်သမားညီလာခံကို နေပြည်တော်မှာ မတ်လအတွင်း ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က သိရပါတယ်။ လွတ်လပ်ရေးရပြီးကာစကာလတုန်းက မြန်မာနိုင်ငံဟာ ဆန်တန်ချိန် သုံးသန်းခွဲတင်ပို့ပြီး ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ သမိုင်းကြောင်းရှိပါတယ်။ လက်ရှိအချိန်မှာတော့ အာဆီယံဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့က ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့တဲ့ နိုင်ငံတွေဖြစ်လာနေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024