မြန်မာခေတ်ဆန်းပန်းချီ ရာပြည့် အနုပညာပွဲတော် ကျင်းပ (သတင်းဓာတ်ပုံ)
ဆုဆုသွယ်
·
February 27, 2018
မြန်မာ့ပန်းချီကို ကမ္ဘာ့ပန်းချီ ခေတ်ဆန်းပန်းချီ ဖြစ်လာအောင် ကြိုးပမ်းခဲ့တဲ့ ပန်းချီ ပညာရှင်ကြီးတွေကို သတိရ၊ ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာခေတ်ဆန်းပန်းချီ ရာပြည့် အထိမ်းအမှတ် အနုပညာပွဲတော်ကို ဒီနေ့မနက်က ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပါတယ်။
အဲဒီပွဲတော်မှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ပန်းချီပညာရှင်ပေါင်း ၈၀၀ ကျော် ပါဝင်ခဲ့ကြပြီး ပန်းချီပညာရှင်တွေ အများဆုံးပါဝင်တဲ့ ပထမဦးဆုံး ပန်းချီပြပွဲ ဖြစ်တယ်လို့ သိရပါတယ်။
အခမ်းအနားကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ယဉ်ကျေးမှုနဲ့ အနုပညာ တက္ကသိုလ်က တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံးဗဟိုမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
အဲဒီပွဲတော်မှာ ရေဆေး၊ ဆီဆေး၊ ခဲပန်းချီ စတဲ့ ကားပေါင်း ၈၀၀ ကျော်နဲ့ ပန်းပုလက်ရာတွေကိုပါ ပြသထားပါတယ်။