Home
မေးမြန်းခန်း
အမျိုး​သမီး​များ​အ​ပေါ် အကြမ်း​ဖက်မှု ပ​ပျောက်​ရေး​အတွက် ကမ္ဘာလုံး​ဆိုင်ရာ လှုံ့​ဆော်
နော်နိုရင်း
·
May 17, 2012
နိုဘယ်လ်ဆုရ အမျိုး​သမီး​တွေအပါအဝင် အမျိုး​သမီး​အခွင့်​အ​ရေး​ လှုပ်ရှား​သူ​တွေက တိုက်ပွဲ​ဒေသမှာရှိတဲ့​ မုဒိမ်း​မှုနဲ့​ အမျိုး​သမီး​များ​အ​ပေါ် အကြမ်း​ဖက်မှု ပ​ပျောက်​ရေး​အတွက် ကမ္ဘာလုံး​ဆိုင်ရာ လှုံ့​ဆော်မှုတရပ် စတင်လိုက်ပါတယ်။ အမျိုး​သမီး​တွေကို စစ်လက်နက်သဖွယ် အသုံး​ပြုပြီး​ မုဒိမ်း​မှုအများ​ဆုံး​ ဖြစ်ပွား​နေတဲ့​ မြန်မာ၊​ ကိုလံဘီယာ၊​ ကွန်ဂိုနဲ့​ ကင်ညာနိုင်ငံ​တွေကို အဓိကထား​ လှုံ့​ဆော်တာ ဖြစ်ပါတယ်။ ဒီလှုံ့​ဆော်မှုနဲ့​ ပတ်သက်ပြီး​ ဘာမား​ကမ်း​ပိန်း​ယူ​ကေအဖွဲ့​ရဲ့​ စည်း​ရုံး​ရေး​မှူး​ ​ဒေါ်​မေရီလှကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ “နိုဘယ်လ်ဆုရှင်အမျိုး​သမီး​တွေ ပါဝင်တဲ့​ သူတို့​ခေါင်း​ဆောင်တဲ့​ အဖွဲ့​အစည်း​နဲ့​၊​ ​နောက်ပြီး​တော့​ အခြား​ သူတို့​နဲ့​အတူ တွဲလုပ်​နေတဲ့​ ​ကော်မတီအဖွဲ့​အစည်း​ ၂၅ ခု​ပေါ့​နော် နိုင်ငံတကာမှာ ရှိတဲ့​ မြို့​နယ်နဲ့​ အစည်း​အရုံး​တွေ၊​ ​နောက်ပြီး​တော့​ အမျိုး​သမီး​ရပိုင်ခွင့်​ လှုပ်ရှား​တဲ့​ အဖွဲ့​အစည်း​တွေ၊​ ​နောက် မုဒိမ်း​မှုပ​ပျောက်​ရေး​ လှုပ်ရှား​တဲ့​အဖွဲ့​အစည်း​တွေ၊​ ဒီအဖွဲ့​အစည်း​တွေက ပူး​ပေါင်း​ပြီး​တော့​ပေါ့​နော်။ ပထမဦး​ဆုံး​ ကမ္ဘာလုံး​ဆိုင်ရာ လှုံ့​ဆော်မှု​ပေါ့​နော် တိုက်ပွဲ​ဒေသမှာရှိတဲ့​ မုဒိမ်း​မှုနဲ့​ အမျိုး​သမီး​များ​ အကြမ်း​ဖက်မှု ပ​ပျောက်​ရေး​အတွက်ကို campaign တခု စပြီး​တော့​ လုပ်​ဆောင်တာကို ကျမတို့​ မြန်မာပြည်အ​ရေး​ကို လှုံ့​ဆော်တဲ့​ ကမ်ပိန်း​ အုပ်စု​တွေက အား​လုံး​ ​ထောက်ခံအား​ပေး​တဲ့​အ​နေနဲ့​ ဒီ ​ကြေညာချက်ကို ထုတ်တာပါ။” ​ကြေညာချက်မှာ အမျိုး​သမီး​တွေကို အကြမ်း​ဖက်မှု ပ​ပျောက်​ရေး​အ​နေနဲ့​ လုပ်တယ်ဆို​တော့​ ဘယ်လိုမျိုး​ပုံစံနဲ့​ လုပ်​ဆောင်သွား​မှာလဲ။ “ဒီ campaign ကို အဓိက ၄ နိုင်ငံကို ဦး​စား​ပေး​ပြီး​တော့​ လုပ်တယ်ရှင့်​။ အဓိက ဒီမုဒိမ်း​မှုဖြစ်ပွား​မှု အများ​ဆုံး​ ​ဒေသနဲ့​ ကာကွယ်မှုကို အမြန်ဆုံး​လိုအပ်တဲ့​ ​ဒေသ​တွေ​ပေါ့​နော်၊​ နိုင်ငံ​တွေဖြစ်တယ်။ အဲဒီထဲမှာ မြန်မာပြည်ရယ်၊​ ကိုလံဘီယာရယ်၊​ ကွန်ဂိုရယ်၊​ ကင်ညာရယ် ​ပေါ့​နော်။ အခု အဓိကက မြန်မာပြည်မှာ ဆိုလို့​ရှိရင် လူ​တွေအား​လုံး​က၊​ ကမ္ဘာနိုင်ငံ​တွေက​ရော၊​ အခု လက်ရှိအစိုး​ရရဲ့​ နိုင်ငံ​ရေး​ တိုး​တက်​ပြောင်း​လဲမှုကိုပဲ ​ပြော​နေကြတယ်။ ကမ္ဘာကလည်း​ ဒီ နိုင်ငံ​ရေး​တိုး​တက်​ပြောင်း​လဲမှု​တွေ ရှိလာပြီ ဆိုပြီး​တော့​၊​ သူတို့​ အခု စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေကို ​လျှော့​ပေါ့​ပေး​ဖို့​ကိုပဲ စဉ်း​စား​ပြီး​တော့​ ​ပြောဆို​နေကြတယ်​ပေါ​နော်။ “တကယ်အား​ဖြင့်​က​တော့​ သူတို့​ရဲ့​ မြန်မာပြည် တိုး​တက်မှုဆိုတာက အများ​ကြီး​ ​ပြောပ​လောက်တဲ့​ တိုး​တက်မှု မရှိ​သေး​ပါဘူး​။ ​နောက်ပြီး​တော့​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ မြန်မာ့​တပ်မ​တော်ရဲ့​ တိုက်ခိုက်ထိုး​နှက်မှု​တွေက အခုအချိန်အထိ ရှိ​နေတုန်း​ပါပဲ။ အဲဒီ တိုက်ခိုက်ထိုး​နှက်မှု​တွေနဲ့​အတူ သူတို့​က အမျိုး​သမီး​တွေကို မုဒိမ်း​ကျင့်​တာကို လက်နက်တခုအ​နေနဲ့​ အထူး​သဖြင့်​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ကျူး​လွန်မှု​တွေ အများ​ကြီး​ရှိတယ်။ အဲဒီလိုဆို​တော့​ ဒီအ​ခြေအ​နေ​တွေ ပ​ပျောက်သွား​အောင်လို့​ ကျမတို့​က ဒီ campaign ကို ပါဝင်ပြီး​တော့​ ​ထောက်ခံအား​ပေး​တာပါ။” မြန်မာနိုင်ငံမှာ အမျိုး​သမီး​တွေကို အဓမ္မကျင့်​ကြံပြီး​ လက်နက်သဖွယ် အသုံး​ပြုတာက အခုက ဘယ်​လောက်ဆိုး​ဝါး​နေလဲ။ “မြန်မာပြည်မှာ ဟိုး​အရင် နှစ်​ပေါင်း​များ​စွာကတည်း​က အထူး​သဖြင့်​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ အမျိုး​သမီး​တွေကို သူတို့​ ဒီမုဒိမ်း​မှုနဲ့​ အသုံး​ပြုပြီး​ ဒီအမျိုး​သမီး​တွေရဲ့​ ဘဝကို ဖျက်ဆီး​နေတာ ​တော်​တော်ကြာပါပြီ။ ဒီ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာတုန်း​က​တောင်မှ ကမ္ဘာကလည်း​ ဒီ​ရွေး​ကောက်ပွဲကို ​ပြော​နေတယ်။ လူ​တွေအား​လုံး​ကလည်း​ ဒီ​ရွေး​ကောက်ပွဲကို အာရုံစိုက်​နေတဲ့​အချိန်မှာ​တောင်မှ တဖက်မှာ ရှမ်း​ပြည်နယ်မှာ မသန်မစွမ်း​ အမျိုး​သမီး​တ​ယောက်ကို စစ်တပ်က​နေပြီး​တော့​ စစ်သား​တချို့​ ​နေပြီး​တော့​ မုဒိမ်း​ကျင့်​တဲ့​အမှု ဒီအမျိုး​သမီး​ဆိုလို့​ရှိရင် သူက ရှက်ပြီး​တော့​ ဘာမှ ဘယ်သူ့​မှလည်း​ မတိုင်ရဲဘူး​ ဒီလိုမျိုး​နဲ့​ အမှု​တွေ ပ​ပျောက်သွား​တာ အများ​ကြီး​ပါပဲ။ “တကယ့်​ တကယ်က​တော့​ အား​လုံး​က မှတ်တမ်း​တွေ ​ကောက်နိုင်တယ် ဆို​ပေမဲ့​လည်း​ မှတ်တမ်း​မ​ကောက်နိုင်ဘဲနဲ့​ ပ​ပျောက်သွား​တဲ့​အမှု​တွေလည်း​ အများ​ကြီး​ ရှိပါတယ်။ ဒါ​ကြောင့်​မို့​လို့​ ကမ္ဘာ့​ကုလသမဂ္ဂ အ​ထွေ​ထွေအတွင်း​ရေး​မှူး​က ကမ္ဘာလုံး​ဆိုင်ရာ အမျိုး​သမီး​တွေ အကြမ်း​ဖက်ခံရမှုနဲ့​ မုဒိမ်း​ကျင့်​ခံရမှုဟာ သုံး​ယောက်မှာ တ​ယောက်က ဒီလိုအမှုမျိုး​ကို ရင်ဆိုင်ရပါတယ်။ ဒါ​ကြောင့်​မို့​ ကျမတို့​က ဒီအမှု​တွေ ပ​ပျောက်ဖို့​ကို အား​လုံး​က ဝိုင်း​ဝန်း​ပြီး​တော့​ ပါဝင်​ပေး​ဖို့​ လိုအပ်ပါတယ်။” အခုလက်ရှိ နိုင်ငံတကာကလည်း​ မြန်မာပြည်ရဲ့​ အ​ပြောင်း​အလဲ​တွေကို အား​ပေး​တယ်။ ​နောက် ပိတ်ဆို့​အ​ရေး​ယူမှု တချို့​တောင် ရုပ်သိမ်း​သွား​တာမျိုး​တွေ ရှိတယ်​လေ။ ဆို​တော့​ အခု ဒီအမျိုး​သမီး​တွေကို စစ်​မြေပြင်မှာ လက်နက်သဖွယ်အသုံး​ပြု​နေတာ၊​ အဓမ္မပြုကျင့်​တာ​တွေက အခု ဆက်ရှိ​နေဆဲပဲ ဖြစ်တဲ့​အခါကျ​တော့​ အစ်မတို့​အ​နေနဲ့​ နိုင်ငံတကာအသိုင်း​အဝိုင်း​ကို​ရော၊​ မြန်မာအစိုး​ရ​တွေကို​ရော ဘယ်လိုမျိုး​ တိုက်တွန်း​ပြောဆိုချင်လဲ။ “ဒီ campaign အ​နေနဲ့​ ကျမတို့​ ​တောင်း​ဆိုထား​တာက​တော့​ နိုင်ငံတကာအစိုး​ရ​တွေက မုဒိမ်း​မှု​တွေပ​ပျောက်​အောင် တား​ဆီး​ပေး​ဖို့​ပေါ့​နော်။ ဒုတိယအချက်အ​နေနဲ့​က​တော့​ ဒီ မုဒိမ်း​ကျင့်​ခံရတယ်၊​ ပြီး​တော့​ အကြမ်း​ဖက်နှိပ်စက်မှုခံရတဲ့​ အမျိုး​သမီး​တွေရဲ့​ ဘဝကို ကာကွယ်​စောင့်​ရှောက်​ပေး​ဖို့​၊​ သူတို့​တွေက ပတ်ဝန်း​ကျင်နဲ့​ သူတို့​ရဲ့​ မိသား​စုနဲ့​ ပြန်ပြီး​တော့​ ဒီလိုမျိုး​ ခံရတဲ့​အခါမှာ သူတို့​ စိတ်ပိုင်း​ဆိုင်ရာ​ရော၊​ ကိုယ်ခန္ဓာပိုင်း​ဆိုင်ရာ​ရော ထိခိုက်မှု​တွေ အများ​ကြီး​ ရှိပါတယ်။ ဒီလို အ​ခြေအ​နေမျိုး​တွေမှာ ပြန်ပြီး​တော့​ မိသား​စုနဲ့​ရော ပတ်ဝန်း​ကျင်နဲ့​ရော ပြန်လည်ထူ​ထောင်​ပေး​ဖို့​အတွက်ကို ကျမတို့​ ​တောင်း​ဆိုပါတယ်။ ​နောက်တခုက​တော့​ မုဒိမ်း​မှုကျူး​လွန်တဲ့​ တရား​ခံ​တွေကိုလည်း​ တရား​မျှတစွာ အ​ရေး​ယူ​ပေး​ဖို့​ ​ပေါ့​နော်။ အခု မြန်မာပြည်မှာဆိုရင် ခုနက​ပြောပြခဲ့​သလိုပဲ တချို့​နယ်​တွေမှာ ဆိုလို့​ရှိရင် မုဒိမ်း​ကျင့်​တဲ့​အမှု​တွေ ဖြစ်တယ်။ က​လေး​တွေ​ရော ​နောက်ပြီး​တော့​ ဒီလို မသန်မစွမ်း​အမျိုး​သမီး​တွေကအစ ဒီမုဒိမ်း​ကျင့်​တာ​တွေကို ခံရတယ်။ တချို့​တွေဆိုရင် ရှက်လို့​ ဘာမှ မ​ပြောတာ​တွေ ရှိတယ်။ ဘယ်လို ဘယ်ကိုတိုင်း​လို့​ တိုင်း​ရမှန်း​မသိတာ​တွေ ရှိတယ်။ တိုင်တာ​တောင်မှ ထိ​ရောက်စွာ အ​ရေး​ယူမှု​တွေ မရှိတာ​တွေ ရှိတယ်။ ဆို​တော့​ ဒီလိုအမှု​တွေ ပ​ပျောက်ပြီး​တော့​ တကယ်ကို ကျူး​လွန်တဲ့​သူကို ကျူး​လွန်တဲ့​အ​လျောက် အ​ရေး​ယူမှု​တွေ ထိ​ရောက်စွာ ​ဆောင်ရွက်ဖို့​ကိုလည်း​ ကျမတို့​က​တောင်း​ဆိုပါတယ်။” အခု အ​ရေး​ယူ​ပေး​ဖို့​ကို အစ်မတို့​ ​တောင်း​ဆို​ပေမယ့်​လည်း​ ဘယ်သူက ဘာလုပ်ပါတယ်ဆိုတာကို တိုင်ကြား​မှုမျိုး​က ဘယ်လိုမျိုး​သက်​သေ​တွေနဲ့​ လုပ်မလဲ။ “ကျမသိရတဲ့​အ​တွေ့​အကြုံအရ တချို့​တွေက မုဒိမ်း​မှုဖြစ်​မြောက်ခဲ့​ပြီဆိုရင် သူတို့​ဖြစ်တဲ့​အ​ခြေအ​နေ​တွေကို သွား​တိုင်တဲ့​သူ​တွေလည်း​ရှိတယ်။ သွား​တိုင်တဲ့​အခါ အ​ရေး​ယူမှု​တွေဟာ တကယ်ခံစား​ရတဲ့​ အမျိုး​သမီး​တွေရဲ့​ ခံစား​မှုထက်စာရင် ဘာမှမ​ပြောပ​လောက်ဘဲ ပြီး​သွား​တာ​တွေလည်း​ ရှိတယ်။ ကျမ​ပြောချင်တဲ့​ အဓိပ္ပာယ်က တရား​မျှတစွာ စီရင်ဆုံး​ဖြတ်ခြင်း​ မရှိတာပါပဲ။ တချို့​အမှု​တွေဆိုရင် စစ်အစိုး​ရအသိုင်း​အဝိုင်း​၊​ စစ်တပ်အသိုင်း​အဝိုင်း​တွေ​ကြောင့်​ ပ​ပျောက်သွား​တာရှိတယ်။ တချို့​ ရဲဝန်ထမ်း​တွေ လာဘ်စား​မှု​တွေ​ကြောင့်​ အမှု​တွေဟာ ထိ​ရောက်စွာအ​ရေး​ယူခြင်း​မရှိဘဲ ပ​ပျောက်သွား​တာရှိပါတယ်။ ဒါမျိုး​တွေကို ထိထိ​ရောက်​ရောက် အ​ရေး​ယူ​ပေး​ဖို့​၊​ တား​ဆီး​ပေး​ဖို့​၊​ မုဒိမ်း​မှု​တွေဟာ မ​ကောင်း​ဘူး​၊​ မဖြစ်သင့်​ဘူး​ ဆိုတာကို ပညာ​ပေး​အ​နေနဲ့​ တား​ဆီး​ပေး​ဖို့​၊​ သူတို့​ကိုယ်တိုင်က လက်တွဲပြီး​ လုပ်​ဆောင်​ပေး​ဖို့​၊​ အမျိုး​သမီး​တွေကို ကာကွယ်​ပေး​ဖို့​၊​ တရား​မျှတစွာ အ​ရေး​ယူမှု​တွေမှာလည်း​ သူတို့​ကိုယ်တိုင် စိစစ်​ပေး​ဖို့​ ကျမတို့​က ​တောင်း​ဆိုတယ်။ ဒီလိုဖြစ်လာဖို့​ဆိုတာက လူ​တွေအား​လုံး​ရဲ့​ ဆန္ဒပါမှ နိုင်ငံတိုင်း​က အစိုး​ရတိုင်း​က နား​ထောင်မှာ၊​ အ​ရေး​ယူမှာပါ။ ဒါ​ကြောင့်​မို့​ ကျမတို့​က လူ​တွေကို ​တောင်း​ဆိုချင်တာက​တော့​ ဒီကမ်ပိန်း​နဲ့​ ပတ်သက်ပြီး​တော့​ ကျမက ဝဘ်ဆိုက်တခု လုပ်ထား​တယ်။ အဲဒီဝဘ်ဆိုက်ထဲမှာ လူတိုင်း​၊​ အဖွဲ့​အစည်း​တိုင်း​၊​ နိုင်ငံတိုင်း​က ပါဝင်လို့​ရပါတယ်။ အဲဒီဝဘ်ဆိုက်က​တော့​ www.stoprapeinconflict.org ကို ဝင်ကြည့်​လို့​ရှိရင် ကာကွယ်တား​ဆီး​ဖို့​၊​ အ​ရေး​ယူဖို့​၊​ကို ဘယ်လို​တွေ လုပ်ရင် ရတယ်ဆိုတာကို အ​သေး​စိတ်​ရေး​ပြထား​ပါတယ်။ ဥပမာ - စကား​အား​ဖြင့်​ လူ​တွေကို ပညာ​ပေး​ခြင်း​အား​ဖြင့်​ ဒါ​တွေကို ပ​ပျောက်​အောင် လုပ်မယ်။ ​နောက်ပြီး​တော့​ နိုင်ငံ့​ခေါင်း​ဆောင်​တွေ သိ​အောင် ​ဖော်ထုတ်ပြီး​ သူတို့​တွေ အ​ရေး​ယူ​ပေး​အောင်လုပ်မယ်။ ဒီလို ဖြစ်​နေတဲ့​ ​ဒေသ​တွေမှာ ​သေချာ မှတ်တမ်း​မှတ်ရာ​တွေ တင်ခြင်း​အား​ဖြင့်​ အ​ရေး​ယူမှု​တွေ ထိ​ရောက်လာ​အောင် လုပ်မယ်။ ဒါမျိုး​တွေမှာ ပါဝင်ကူညီ​ပေး​လို့​လည်း​ ရပါတယ်။ ဒီလိုလှုပ်ရှား​မှုမျိုး​ ဆိုတာက အမျိုး​သမီး​တွေတင်မကပါဘူး​၊​ တချို့​နေရာ​တွေမှာဆို အမျိုး​သား​တွေ​ရော လူငယ်​တွေပါ အကြမ်း​ဖက်မှု​တွေ၊​ မုဒိမ်း​မှု​တွေ ခံရတာ​တွေရှိပါတယ်။ အမျိုး​သမီး​တွေပဲဆိုင်တဲ့​အရာမဟုတ်ဘူး​။ လူတိုင်း​နဲ့​ဆိုင်တဲ့​အတွက် လူတိုင်း​ပဲပါဝင် လှုံ့​ဆော်​ထောက်ခံအား​ပေး​ကြပါလို့​ ကျမ တိုက်တွန်း​ချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024