Home
မြန်မာသတင်း
မကြာခင်ရုံတင်တော့မည့်  “မုဒြာရဲ့ ခေါ်သံ”ရုပ်ရှင်ဇာတ်ကား(နမူနာ)
DVB
·
February 27, 2018
နိုင်ငံတကာမှာ ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီးရရှိထားခဲ့တဲ့ မုဒြာရဲ့ ခေါ်သံ ရုပ်ရှင် ဇာတ်ကားကြီးကို လာမယ့် မတ်လ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံမှာ စတင်ပြသတော့မှာ ဖြစ်ပါတယ်။     ဒီဇာတ်ကားကို မကြာသေးခင်က ဝေဖန်မှု၊ ချီးကျူးမှုတွေနဲ့အတူ နာမည်ကြီးခဲ့တဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကားရဲ့ ဖန်တီးသူ ခရစ္စတီးနားခီကပဲ ရိုက်ကူးခဲ့တာဖြစ်ကာ ဒီဇာတ်ကားမှာ လည်း မင်းသား ဇဏ်ခီကပဲ ပါဝင် သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။     အဓိက သရုပ်ဆောင်မင်းသမီးကတော့ မောင့်အိမ်သူ ရုပ်ရှင်ကားကြီးမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့တဲ့ မျက်နှာသစ်သရုပ်ဆောင် လှယဉ်ကျေးဖြစ်ပါတယ်။     ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာ ရုံတင်မပြသခင်ကတည်းက နိုင်ငံတကာက ရုပ်ရှင် ပွဲတော်တွေမှာ ဖိတ်ကြားခံရပြီး ဆုတွေအများကြီးရရှိထားတာ ဖြစ်ပါတယ်။     လက်ရှိအချိန်ထိ ဒီရုပ်ရှင်ဟာ CayFilm Cayman International Film Festival, Kota Kinabalu International Film Festival, Canadian Diversity International Film Festival, Mexico International Film Festival, Scarlarama Film Festival, Phnom Penh International Film Festival - PPIFF နဲ့ ISENMA Film Festival တွေမှာ official selection အနေနဲ့ ပြသခဲ့ရပြီး Mexico festival မှ Silver Palm award နဲ့ ISENMA မှ အမြင့်ဆုံး Platinum ဆုတွေကိုလည်း ဆွတ်ခူးရရှိထားပါတယ်။     လာမယ့် မတ်လ ၁၆ ရက်နေ့မှာတော့ ဒီရုပ်ရှင်ကားကို ရန်ကုန်မြို့ JCVG ရုပ်ရှင်ရုံတွေမှာ စတင်ပြသတော့မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024