လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို ခေါ်ယူရန် မန်ယူ ပစ်မှတ်ထား

1K
မန်ချက်စတာယူနိုက်တက်အသင်းဟာ အီတလီကလပ် လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ လာဇီယိုအသင်းရဲ့ ပွဲစဉ်တွေမှာ သူ့ရဲ့ခြေစွမ်းကို စောင့်ကြည့်ဖို့အတွက် ကင်းထောက်တဦး စေလွှတ်ထားတယ်လို့ ဆိုပါတယ်။
နည်းပြ မော်ရင်ဟိုကလည်း ဆာဗစ်ကို ခေါ်ယူလိုနေပြီး လာမယ့်နွေရာသီမှာ ကမ်းလှမ်းမှုတွေ ပြုလုပ်မယ်လို့ ဆိုပါတယ်။
အသက် ၂၂ နှစ်ရှိ ဆာဘီးယားလက်ရွေးစင် ဆာဗစ်ဟာ အခုနှစ်ရာသီမှာ လာဇီယိုအသင်းအတွက် ၃၃ ပွဲမှာ ၁၂ ဂိုးသွင်းပြီး ခြေစွမ်းပြနေတာပါ။
မန်ယူအသင်းမှာ ဝါရင့်ကွင်းလယ်ကစားသမား ကာရစ် ထွက်ခွါတော့မှာဖြစ်လို့ လာမယ့်ရာသီအတွက် ကွင်းလယ်ကစားသမားတွေကို ခေါ်ယူဖို့ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။