A d v e r t i s e m e n t With Us

VAR စနစ်ကျင့်သုံးရန် အရေးကြီးဟု ချဲလ်ဆီးနည်းပြ ကွန်တီ ပြော

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲမှာ မိုရာတာရဲ့သွင်းဂိုး ခွင့်မပြုခဲ့တာနဲ့ ပတ်သက်ပြီး VAR စနစ်ကို ကျင့်သုံးဖို့ အရေးကြီးတယ်လို့ ချဲလ်ဆီးနည်းပြ ကွန်တီက ပြောကြားလိုက်ပါတယ်။ အဲဒီပွဲမှာ ချဲလ်ဆီးအသင်းက နှစ်ဂိုး တဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပွဲပြီးခါနီးမှာ တိုက်စစ်မှူး မိုရာတာက တဂိုးသွင်းခဲ့ပေမယ့် လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် ဂိုးမရခဲ့တာပါ။ မိမိအနေနဲ့ ရိုးရိုးသားသားပြောရရင် သေချာမမြင်လိုက်ရပေမယ့် မိုရာတာရဲ့ဂိုးက လူမကျွံဘူးဆိုရင်တော့ Video Assistant Referee က ရုပ်သံကနေ ပြန်ကြည့်ပြီး ဆုံးဖြတ်ရတဲ့ VAR စနစ်ကျင့်သုံးဖို့ လိုတယ်လို့ ချဲလ်ဆီးနည်းပြ ကွန်တီက ပြောပါတယ်။ အထူးသဖြင့် အင်္ဂလန်ပရီးမီးယားလိဂ်လို ပြိုင်ဆိုင်မူပြင်းထန်တဲ့ လိဂ်မှာ VAR စနစ်ကို ပိုပြီး အသုံးပြုဖို့လိုတယ်လို့ ကွန်တီက ဆိုပါတယ်။ ချဲလ်ဆီးအသင်းဟာ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရရေးအတွက် ပိုပြီး ရုန်းကန်ရတော့မှာဖြစ်တယ်လို့ နည်းပြကွန်တီက ဝန်ခံပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up