A d v e r t i s e m e n t With Us

လိဂ်ဖလားဗိုလ်လုပွဲတွင် အာဆင်နယ်ကစားသမားများ လမ်းလျှောက်နေခဲ့ဟု ဖီးလ်နဗီးလ် ဝေဖန်

မန်စီးတီးနဲ့ လိဂ်ဖလား (ကာရာဘောင်ဖလား) ဗိုလ်လုပွဲမှာ အာဆင်နယ်ကစားသမားတွေ လမ်းလျှောက်နေခဲ့ကြလို့ ရှုံးခဲ့တာဖြစ်တယ်လို့ မန်ယူကစားသမားဟောင်း ဖီးလ်နဗီးလ်က ဝေဖန်ပြောကြားလိုက်ပါတယ်။ အဲဒီပွဲမှာ အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို သုံးဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အာဆင်နယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဂယ်ရီနဗီးလ်က ဝေဖန်ပြောကြားခဲ့တာပါ။ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ရမ်ဆေး၊ ဇာခါ၊ အိုဇေးလ်တို့ဟာ ကွင်းထဲမှာ လမ်းလျှောက်နေခဲ့ကြပြီး ဘောလုံးကွင်းထဲမှာ အားအင်စိုက်ထုတ် မပြေးဘဲ လမ်းလျှောက်နေတဲ့အတွက် အနိုင်ရဖို့ မဖြစ်နိုင်ဘူးလို့ ဂယ်ရီနဗီးလ်က စကိုင်းစပေါ့ရဲ့ ရုပ်သံအစီအစဉ်မှာ ဝေဖန်ပြောကြားခဲ့ပါတယ်။ ပရိသတ်တွေအားလုံးက ကစားသမားတွေ ပြေးလွှားကစားနေတာကိုပဲ မြင်လိုကြပြီး အာဆင်နယ်ကစားသမားတွေ အနေနဲ့ သိက္ခာကျစရာ ဖြစ်ခဲ့ရတယ်လို့လည်း နဗီးလ်က ဆက်ပြီး ဝေဖန်ခဲ့ပါတယ်။ အသက် ၄၃ နှစ်ရှိ ဂယ်ရီနဗီးလ်ဟာ မန်ယူအသင်းမှာ ၁၉ နှစ်ကြာ ကစားခဲ့ပြီး လက်ရှိအချိန်မှာတော့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ လက်ထောက်နည်းအဖြစ် တာဝန်ယူနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up