A d v e r t i s e m e n t With Us

ပြုံချန်း ဆောင်းရာသီအိုလံပစ်ပွဲတွင် နော်ဝေနိုင်ငံ အဆင့် ၁ နေရာတွင် ရပ်တည်

တောင်ကိုရီးယားနိုင်ငံ ပြုံချန်းမြို့မှာ ကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအပြီးမှာ နော်ဝေနိုင်ငံက ရွှေတံဆိပ် ၁၄ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၁ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ နော်ဝေအားကစားအဖွဲ့အနေနဲ့ ဂျာမနီနဲ့ နောက်ဆုံးအချိန်အထိ ယှဉ်ပြိုင်ခဲ့ရတာပါ။ ပြိုင်ပွဲပြီးဆုံးမယ့် ဖေဖော်ဝါရီ ၂၅ ရက်မှာ ယှဉ်ပြိုင်တဲ့ အမျိုးသမီး Cross Country စကီပြိုင်ပွဲမှာ ဘီဂျော်ဂျင်က နော်ဝေအတွက် ရွှေတံဆိပ်တခု ရယူနိုင်ခဲ့တာကြောင့် ဂျာမနီနဲ့ ရွှေတံဆိပ် ၁၄ ခုချင်းတူညီခဲ့ပေမယ့် ငွေတံဆိပ်အရေအတွက်မှာ နော်ဝေက ၄ ခု အသာရခဲ့တာကြောင့် အဆင့် ၁ မှာ ရပ်တည်နိုင်ခဲ့တာပါ။ ပြိုင်ပွဲပြီးဆုံးချိန်မှာ နော်ဝေနိုင်ငံက ရွှေ ၁၄ ခု၊ ငွေ ၁၄ ခု၊ ကြေး ၁၁ ခုနဲ့ အဆင့် ၁၊ ဂျာမနီက ရွှေ ၁၄ ခု၊ ငွေ ၁၀ ခု၊ ကြေး ၇ ခုနဲ့ အဆင့် ၂ နေရာတွေမှာ ရပ်တည်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကနေဒါ၊ အမေရိကန်၊ နယ်သာလန်၊ ဆွီဒင်တို့က အစဉ်လိုက်ရပ်တည်ခဲ့ပြီး အိမ်ရှင် တောင်ကိုရီးယားက အဆင့် ၇ မှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ ပြုံချန်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၉၂ နိုင်ငံက ပြိုင်ပွဲအမျိုးအစား ၁၅ မျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up