A d v e r t i s e m e n t With Us

သမ္မတထရမ့် ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် သေနတ်ကိစ္စ ဆွေးနွေးမည်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန် သမ္မတ ထရမ့်ဟာ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေကို ညစာတည်ခင်း ဧည့်ခံခဲ့ပြီး ဆွေးနွေးမယ့်အကြောင်းရာတွေထဲ သေနတ်ကိစ္စ ထည့်သွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ ညစာစားပွဲ အခမ်းအနားမှာ သမ္မတထရမ့်က အခုလို ပြောကြားလိုက်တာပါ။ “မနက်ဖြန် ကျနော်တို့ အရေးကြီးတဲ့ ဆွေးနွေးပွဲတွေ လုပ်သွားမှာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်က ပါ့ခ်လန်းမှာ ဖြစ်သွားခဲ့တဲ့ ထိတ်လန့်ဖွယ် ဖြစ်ရပ်အကြောင်းကို ဆွေးနွေးသွားမှာပါ။ အဲဒီအတွက်  ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်စကော့ကို ကျေးဇူးတင်စကား ပြောချင်ပါတယ်။ အဲဒီအကြောင်းအရာကို အဓိကထား ဆွေးနွေးသွားမှာပါ။ အကြောင်းက ကျန်ာတို့နိုင်ငံမှာ အဲဒီလိုဖြစ်နေတာကို အဆုံးသတ်ဖို့ လိုပါပြီ။ အဲဒီအကြောင်းရာနဲ့ တခြားအကြောင်းအရာ အတော်များများကို ဆွေးနွေးသွားပါမယ်။ အမေရိကန်နိုင်ငံ စီးပွားရေးက အတော်လေး တိုးတက်နေပါတယ်။ စီးပွားရေး ပိုမိုတိုးတက်လာတာကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ” လို့ သမ္မတ ထရမ့်က ပြောကြားခဲ့ပါတယ်။ အမျိုးသားရိုင်ဖယ်အသင်းဟာ သမ္မတထရမ့်နဲ့ တခြား ရီပတ်ဘလစ်ကန် အမတ်တွေ ပြုလုပ်တဲ့ သေနတ်ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်တွေကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up