Homeရုပျသံ
ဦးဝီရသူအား အရေးယူပေးရန် သတင်းစာရှင်းလင်းခဲ့သည့်ရုံးခန်းကို ဖိအားပေးပြောင်းရွှေ့ခိုင်း (ရုပ်သံ)
ဦးဝီရသူအား အရေးယူပေးရန် သတင်းစာရှင်းလင်းခဲ့သည့်ရုံးခန်းကို ဖိအားပေးပြောင်းရွှေ့ခိုင်း (ရုပ်သံ)
DVB
·
February 26, 2018
ဦးဝီရသူကို အရေးယူဖို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့လယ် ၃၄ လမ်းရှိ မြန်မာ့ဂျာနယ်လစ်ရုံးခန်းကို အိမ်စာချုပ်မပြည့်သေးပဲ အမြန်ပြောင်းရွှေ့ပေးဖို့ အိမ်ရှင်ကနေတဆင့် ဖိအားပေးခံရတယ်လို့ သိရပါတယ်။
ဒီအခန်းကို ၂ နှစ်လောက်ငှာထားတဲ့ သက်တမ်းမှာ ဘာမှမဖြစ်ခဲ့ဘဲ မနေ့က သတင်းစာရှင်းလင်းပွဲ နောက်ပိုင်းမှာတော့ အိမ်ရှင်ဘက်က အနှေးနဲ့အမြန် ပြောင်းရွှေ့ပေးဖို့ ဖိအားပေးသလို ရက် ၂၀ ထိပဲ နေမယ်ဆိုတာ လက်မှတ်ထိုးပေးဖို့ ပြောလာတယ်လို့ မြန်မာ့ဂျာနယ်လစ်ကွန်ရက် တာဝန်ရှိသူ ဦးဇေယျာလှိုင်က ပြောပါတယ်။
ဦးဝီရသူအား အရေးယူဖို့ သံဃာတော်တွေကို တိုက်တွန်းတဲ့ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က မြန်မာ့ဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ ပြုလုပ်ဖို့ ငှားရမ်းစီစဉ်ခဲ့ပေမယ့် အမျိုးသားရေးလှုပ်ရှားသူ လူပုဂ္ဂိုလ်တွေနဲ့ သံဃာတချို့လာရောက်လို့ ပွဲဖျက်လိုက်ရပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ "ကျနော်တို့ လူ့အဖွဲ့အစည်းဟာ ခုချိန်ထိ အကြောက်တရားထဲမှာ ရှိနေသေးတယ်၊ အမှန်တရားကို ထုတ်ဖော်ပြောဆိုဖို့ ၀န်လေးနေသရွှေ့ အကြောက်တရားနဲ့ နေနေရတဲ့ ကြောက်ခေတ်ကြီးထဲက လွတ်မှာမဟုတ်ဘူး" လို့ ဦးဇေယျာလှိုင်က ဒီဗွီဘီကို ပြောကြားပါတယ်။