A d v e r t i s e m e n t With Us

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူရမည်

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ မာဆေးအသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရခဲ့လို့ အနားယူရတော့မယ်လို့ သိရပါတယ်။ အဲဒီပွဲမှာ ပီအက်စ်ဂျီအသင်းက သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ပွဲချိန် မိနစ် ၈၀ လောက်မှာ နေမာ ဒဏ်ရာရသွားပြီး သတ်မှတ်ထားတဲ့ သုံးယောက် လူစားလဲပြီးဖြစ်လို့ ၁၀ ယောက်တည်းနဲ့ ပွဲပြီးဆုံးချိန်အထိ ကစားခဲ့ရပါတယ်။ နေမာရဲ့ ခြေချင်းဝတ်ဒဏ်ရာ အခြေအနေကို ဆက်လက်စစ်ဆေးရမှာဖြစ်ပြီး ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်တယ်လို့ အသင်းနည်းပြ အူနိုင်းအမ်မရီက ပြောပါတယ်။ နေမာအနေနဲ့ လာမယ့်ကြားရက်ကစားမယ့် မာဆေးနဲ့ ပြင်သစ်ဖလားပွဲစဉ်ကို သေချာပေါက် လွဲချော်မှာဖြစ်ပြီး မတ်လ ၇ ရက်မှာကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ကိုလည်း လွဲချော်ဖွယ်ရှိနေပါတယ်။ နေမာဟာ ဒီနှစ်ရာသီကမှ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပေမယ့် ပီအက်စ်ဂျီအသင်းနဲ့အတူ စုစုပေါင်း ပွဲ ၃၀ မှာ ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up