Home
မြန်မာသတင်း
ချစ်သူအတွက် ဆီးနှင်းပေါ်စာရေးသူ မြန်မာအမျိုးသား တိုကျိုတွင် အဖမ်းခံရ
ဇော်ဇော်လှိုင်
·
February 25, 2018
  ချစ်သူအတွက် ဆီးနှင်းပေါ်စာရေးသားခဲ့တဲ့ မြန်မာနိုင်ငံသားတဦးကို ပတ်ဝန်းကျင်ဖျက်ဆီးမှုနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဖမ်းဆီးခံခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ နှင်းအလှဖြင့်ထင်ရှားတဲ့ အအိုမိုရီ ခရိုင် တိုဝဒ ဟချီမန်းဒိုင် အမျိုးသားဥယျာဉ် အတွင်းရှိ ဆီးနှင်းဖုံး သစ်ပင်တွေနဲ့ နှင်းထုတွေပေါ်မှာ ဇန်န၀ါရီလ ၁၄ ရက်နေ့က ပန်းရောင် ဆေးဖြန်းဘူးနဲ့ တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ပက်ဖြန်းရေးသားခဲ့လို့ အအိုမိုရီ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်နေ့က တိုကျိုမြို့မှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဂျပန်ရဲတပ်ဖွဲ့က ပတ်ဝန်းကျင်ဖျက်ဆီးမှုနဲ့ တရားစွဲအဖမ်းခံရသူ အသက် ၂၉ နှစ်အရွယ် ကိုဇော်ဇော်အောင်မှ ချစ်သူအမျိုးသမီး မွေးနေ့အတွက် surprise ရုတ်တရက် အံ့အားသင့်စေဖို့ ရည်ရွယ်ချက်နဲ့ ရေးသားခဲ့ကြောင်း ၀န်ခံပြောဆိုခဲ့ပါတယ်။ ဆီးနှင်းအလှကြည့် ကောင်းကင်ကြိုးရထားလုပ်ငန်းက အဆိုပါအမျိုးသားဥယျာဉ်အတွင်း တားမြစ်ချက်တွေကို ကြိုတင်ရေးသားထားကြောင်းနဲ့ အဆိုပါနေ့က ဆီးနှင်းအလှ လာရောက် ကြည့်ရှုသူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပြီး ၁ နာရီလောက် အမျိုးသားဥယျာဉ်ကို ပိတ်နားခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာအမျိုးသားမှာ ဂျပန်ဥပဒေကြောင်းအရ ဒဏ်ငွေ ယန်းသောင်း ၅၀ မှ ထောင်ဒဏ်၃ နှစ်အောက်အထိ ပြစ်ဒဏ်ခံရဖွယ်ရှိကြောင်းလည်း ကြားသိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024