ဘောလီးဝုဒ်နာမည်ကြီး မင်းသမီး ဆရီဒေဝီ ကွယ်လွန်

2.5K
ဘောလီးဝုဒ် နာမည်ကြီး မင်းသမီး ဆရီဒေဝီ ကပူးရ် ဟာ အသက် ၅၄ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သူမရဲ့မိသားစုက ပြောပါတယ်။
မင်းသမီးဟာ ဒူဘိုင်းမှာ ပြုလုပ်တဲ့ တူဖြစ်သူမင်္ဂလာပွဲကို ခင်ပွန်း၊ သမီးဖြစ်သူတို့နဲ့ သွားရောက်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့ သေဆုံးခဲ့ချိန်မှာလည်း ခင်ပွန်း၊ သမီးဖြစ်သူတို့နဲ့ အတူရှိခဲ့တာလို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
သူမရဲ့ခဲအိုက နေ့လယ် ၁ နာရီနဲ့ ၁ နာခွဲအကြားမှာ သေဆုံးတယ်လို့ ပြောပေမယ့် သတင်းအသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
သူမ အသက် ၄ နှစ် အရွယ်ကစလို့ Tamil, Telugu, Malayalam, Kannada, Hindi စတဲ့ အိန္ဒိယ ဘာသာစကား မျိုးစုံနဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ အောင်မြင်တဲ့ အမျိုးသမီး စူပါစတား အနည်းငယ်ထဲက တဦးပါ။
အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက “ကျော်ကြားလှတဲ့ မင်းသမီး ဆရီဒေဝီ သေဆုံးမှုက ဝမ်းနည်းဖွယ်ရာပဲ” လို့ သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ရေးထားပါတယ်။
သမ္မတ ရမ်နက်ကိုဗင်က “ရုပ်ရှင်သရုပ်ဆောင် ဆရီဒေဝီ သေဆုံးတာ ကြားလိုက်ရလို့ ထိတ်လန့်တုန်လှုပ်သွားတယ်” လို့ ရေးထားပါတယ်။
လန်ဒန်မြို့ရဲ့ မြို့တော်ဝန် ဆာဒစ်ခန်က “မကြာခင်က သွားတဲ့ အိန္ဒိယခရီးစဉ်မှာ ဘောလီးဝုဒ်ရဲ့ အကျော်အမော်ပုဂ္ဂိုလ် ဆရီဒေဝီကို တွေ့ခဲ့ရလို့ တကယ်ပဲ ပျော်ခဲ့ရပါတယ်။ ဒီလို အရည်အသွေးရှိတဲ့ မင်းသမီးတဦး သေဆုံးတဲ့သတင်း ကြားရတာ အရမ်းကို ဝမ်းနည်းရပါတယ်” လို့ မင်းသမီးကို ဂုဏ်ပြုပြီး တွစ်တာပေါ်မှာ ရေးထားတာပါ။