Home
မြန်မာသတင်း
ရေး-ကျုံကွီးလမ်းပိုင်းတွင် တံတားပေါင်း ၄၃ စင်း တည်ဆောက်ရန် ကျန်ရှိ
DVB
·
February 25, 2018
      မွန်ပြည်နယ် ရေးမြို့မှ ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့အထိ သွားလာနိုင်မယ့် ရေး-ကျုံကွီးလမ်းပိုင်းမှာ တံတားပေါင်း ၄၃ စင်းတည်ဆောက်ဖို့ ကျန်ရှိနေတယ် လို့ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရေးမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးက သိရပါတယ်။     ၂၀၁၃-၂၀၁၄ ခုနှစ်ကစလို့ ရာမညကုမ္ပဏီလီမိတက်က စတင်တာဝန်ယူဖောက်လုပ်ခဲ့တဲ့ ၄၇ မိုင် ၆ ဖာလုံအရှည်ရှိ အဲဒီလမ်းပိုင်းမှာ ပေ ၁၀၀ နဲ့ အထက်တံတား ၁၂ စင်းနဲ့ ပေ ၁၀၀ အောက်တံတားအစင်း ၈၀ ပါဝင်ပြီး စုစုပေါင်းတံတားပေါင်း ၉၂ စင်းရှိပါတယ်။ လမ်းပိုင်းအနေနဲ့ ကျောက်လမ်း ၃၈ မိုင် ၃ ဖာလုံ၊ ကတ္တရာလမ်း ၃၀ မိုင် ၃ ဖာလုံ၊ ကွန်ကရစ်တံတား ၄၉ စင်းနဲ့ Box Culvert ၁ ခုဆောင်ရွက်ပြီးစီးခဲ့ကြောင်းနဲ့ စုစုပေါင်းကုန်ကျငွေကျပ်သန်းပေါင်း ၆၂၂၇.၂၂၂ သန်း သုံးစွဲခဲ့ပြီးဖြစ်တယ်လို့ အဆိုပါရုံးမှ သိရပါတယ်။     လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီလွင်က     “လာမယ့်ဘတ်ဂျက်တွေမှာ ကတ္တရာ လမ်း ၄ မိုင် ၄ ဖာလုံ ရန်ပုံငွေကျပ် ၁၁၀၅.၂ သန်းလျာထားပါတယ်၊ ပေ ၁၀၀ အောက်တံတားက ၇ စင်း၊ Box Culvert ၅ ခု ရန်ပုံငွေကျပ် ၄၁၀ သန်းလျာထားပါတယ်။ ဘတ်ဂျက်နှစ်အလိုက် ဆောင်ရွက်သွားဖို့ရှိပါတယ်”လို့ ပြောပါတယ်။     အဆိုပါလမ်းပြီးစီးသွားမည်ဆိုပါက ထိုင်းနိုင်ငံနယ်စပ် ဘုရားသုံးဆူမြို့မှ ရေးမြို့ကို အချိန်တိုအတွင်းသွားလာနိုင်မှာဖြစ်ပြီး ခရီးသွားတွေနဲ့ ကုန်စည်တွေ လွယ်ကူချောမွေ့စွာ ကူးသန်းသွားလာနိုင်မည်ဖြစ်ကာ မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပိုမိုမြန်ဆန်လာမယ်လို့လည်း ဒေသခံလုပ်ငန်းရှင်များက မျှော်လင့်နေကြပါတယ်။ သတင်း - ၀င်းနိုင်သက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024