သမ္မတထရမ့်၏ မဲဆွယ်စည်းရုံးရေး လက်ထောက်ဟောင်း ၂ ဦးကို တရားစွဲဆို

FILE PHOTO: Outgoing FBI Director Robert Mueller reacts to applause from the audience during his farewell ceremony at the Justice Department in Washington, August 1, 2013. REUTERS/Jonathan Ernst
အမေရိကန် အထူးစုံစမ်းရေးမှူး ရောဘတ်မူလာဟာ သမ္မတထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး လက်ထောက်ဟောင်းတွေ ဖြစ်ကြတဲ့ ပေါလ်မန်ဖို့တ်နဲ့  ရစ်ဂိတ်စ်တို့ကို  ရာဇ၀တ်မှုစွဲချက် အသစ်ေတွနဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တရားစွဲဆိုလိုက်ပါတယ်။ အဲဒီ စွဲချက်အသစ်တွေမှာ ဘဏ်နဲ့ အခွန်လိမ်လည်မှုပါဝင်ပြီး မနှစ်ကစတင်ခဲ့တဲ့ တရားရေး အငြင်းပွားမှုကို အရှိန်မြင့်တက်စေပါတယ်။ ပေါလ်မန်ဖို့တ်နဲ့  ရစ်ဂိတ်စ်တို့နှစ်ဦးဟာ ငွေကြေး ခ၀ါချရာမှာ ပူးပေါင်းကြံစည်မှု၊ အမေရိကန်ပြည်ထောင်စုအား လိမ်လည်လှည့်ဖျားရာမှာ ပူးပါင်းကြံစည်မှုနဲ့ ယူကရိန်းနိုင်ငံရေး ပါတီအတွက် လုပ်ဆောင်ပေးခဲ့တဲ့အပေါ်မှာ နိုင်ငံခြားသား ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ရန်ပျက်ကွက်မှု စတဲ့ ရာဇ၀တ်မှု စွဲချက်တွေကို  ရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ပထမဆုံး စွဲချက်တင်ခံရတဲ့ မူလာရဲ့ စုံစမ်းရေးမှာ သူတို့နှစ်ဦး ပါဝင်ပြီး အဲဒီစုံစမ်းရေးကတော့ ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားဝင်ရောက် စွက်ဖက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းတာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up