A d v e r t i s e m e n t With Us

ရီးရဲလ်က ဘင်ဇီမာ၊ ဘေးလ်နှင့် ရော်နယ်ဒိုတို့၏ သွင်းဂိုးများဖြင့် အလာဇက်ကို ဂိုးပြတ်နိုင် (ရုပ်သံ)

မ​နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ အလာဗက်​စ်​အသင်းကို ဘင်​ဇီမာ၊ ဂါရက်​​ဘေးလ်​၊​ စီ​ရော်​နယ်​ဒို တို့ရဲ့ သွင်းဂိုးတွေနဲ့ ၄ ဂိုးပြတ်​ အနိုင်ရရှိခဲ့ပါတယ်​။ အဖွင့်ဂိုးကို ​ရော်​နယ်​ဒိုက ဘင်​ဇီမာရဲ့ ဖန်​တီး​ပေးမှုက တ​ဆင့် သွင်းယူ​ပေးခဲ့ပါတယ်​။ ဒုတိယပိုင်းမှာလည်း ရီးရဲလ်မက်​ဒရစ်​အသင်းကသာ ကစားကွက်​ အသာစီးရ​နေခဲ့တာ​ကြောင့် ဒုတိယပိုင်းပွဲအစမှာတင်​ ဂါရက်​​ဘေးလ်​က ဒုတိယဂိုးကို သွင်းယူ​ပေးခဲ့ပါတယ်​။ ၆၁ မိနစ်​မှာ​တော့ ​ရော်​နယ်​ဒို၊ ၈၉ မိနစ်​မှာ ဘင်​ဇီမာက ပယ်နယ်​တီကတဆင့် ဂိုး​တွေ သွင်းယူနိုင်​ခဲ့ပါတယ်​။ ဒီပွဲအနိုင်​ရလဒ်​​ကြောင့် ရီးရဲလ်မက်​ဒရစ်​အသင်းဟာ အမှတ်​​ပေးဇယားဒုတိယ​နေရာက အက်​သလက်​တီကို အသင်းနဲ့ တစ်​ပွဲအသာ ၄ မှတ်​အကွာ အ​နေအထားမှာ ရှိ​နေပါတယ်​။ ​ရော်​နယ်​ဒိုဟာ ရာသီအစက ဂိုး​မသွင်းနိုင်​ခဲ့လို့ ​ဝေဖန်​မှု​တွေကို ခံခဲ့ရပါတယ်​။ ဒါ​ပေမယ့်​လည်း လက်​ရှိအချိန်​မှာ​တော့ ၁၉ ပွဲမှာ ၁၂ ဂိုးထိ သွင်းယူထားနိုင်​ခဲ့ပါတယ်​။ အခုပွဲစဉ်​မှာ BBC တိုက်​စစ်​အတွဲရဲ့ ​ပျောက်​ဆုံး​နေတဲ့ ​ခြေစွမ်း​တွေကို ပြန်​လည်​ မြင်​​တွေ့ခဲ့ရပြီး​တော့ ဒဏ်​ရာက ပြန်​လည်​သက်​သာလာတဲ့ ဂါရက်​​ဘေးလ်​ဟာလည်း ​ခြေစွမ်းပြ ဂိုးသွင်းယူနိုင်​ခဲ့တာဖြစ်​ပါတယ်​။

A d v e r t i s e m e n t With Us

More News
Up