A d v e r t i s e m e n t With Us

မြောက်ကိုရီးယားဆန့်ကျင်ရေး တောင်ကိုရီးယားနိုင်ငံသား ထောင်ချီဆန္ဒပြ

ထောင်နဲ့ချီတဲ့ တောင်ကိုရီးယား ဆန္ဒပြသူတွေဟာ မြောက်ကိုရီးယား ဆန့်ကျင်ရေး စီတန်းလှည့်လည်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။ ပြုံချန်း ဆောင်းရာသီ အိုလံပစ်ပွဲတော် ပိတ်ပွဲကို တက်ရောက်ဖို့ မြောက်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားကို လာရောက်လည်ပတ်နေချိန်မှာ ခုလို ကန့်ကွက်တာပါ။ ဆိုးလ် ဘူတာရုံရှေ့မှာ စီတန်းလှည့်လည်မှုအတွင်း လူအယောက် ၃ထောင်လောက် ပါတယ်လို့ ရဲတွေက ခန့်မှန်းပါတယ်။ ဆန္ဒပြသူတွေဟာမြောက်ကိုရီးယား အလံနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျွန်အန်း မြောက်ကိုရီယားရဲ့ လက်ရှိ အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီဝင် ကင်မ်ယုံချိုးတို့ရဲ့ ဓာတ်ပုံတွေကို မီးရှို့ ခဲ့ကြပါတယ်။ ကင်မ်ယုံချိုးဟာ မြောက်ကိုရီးယား စစ်ထောက် လှမ်းရေး အေဂျင်စီမှာ ထိပ်တန်းက လူတယောက်ပါ။ ချောင်နန်ဒေသမှာ တောင်ကိုရီးယား ရေတပ်သင်္ဘော နစ်မြုပ်မှုအတွက် သူ့ကို တောင်ကိုရီးယား အစိုးရက အပြစ်တင်ပါတယ်။ သင်္ဘောမြုပ်လို့ လူ ၄၆ ယောက် သေဆုံးခဲ့တာပါ။ ရုရှားကတော့ သင်္ဘောနစ်မှုနဲ့ မပတ်သက်ဘူးလို့ ငြင်းပါတယ်။ စီတန်းလှည့်လည်ပွဲ အပြီးမှာ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ မြောက်ကိုရီးယား ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း ချီတက်ခဲ့တာပါ။ မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်မှု အသစ်ကိုလည်း ကြိုဆိုခဲ့ပါတယ်။ အမေရိကန် အစိုးရကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်ကို စွန့်လွှတ်ဖို့ ဖိအားပေးရေး သူ့ရဲ့ အကြီးဆုံးပိတ်ဆို့ ဒဏ်ခတ်မှုကို ချမှတ်လိုက်တယ်လို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up