ဆိုမာလီနိုင်ငံတွင် ကားဗုံး ၂ လုံးပေါက်ကွဲ၊ ၁၈ ဦး သေဆုံး

ဆိုမာလီနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးမှာ ကားဗုံး ၂ လုံး ပေါက်ကွဲလို့ ၁၈ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဆေးရုံကို တင်ပို့ထားရပါတယ် အယ်လ်ရှာဘတ် အစ္စလာမစ် စစ်သွေးကြွအုပ်စုက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ချိန်မှာ သမ္မတ အိမ်တော် နားမှာလည်း ပစ်ခတ်မှု ပေါ်ပေါက်ခဲ့တယ်လို့ ရဲတွေနဲ့ လူနာတင်ယာဉ် ဌာနက ပြောပါတယ်။ လုံခြုံရေးတပ်က တိုက်ခိုက်သူ ငါးယောက်ကို အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ စစ်သွေးကြွတွေက သမ္မတ အိမ်တော်နားက လုံခြုံရေး အစောင့်တွေကို ပစ်ခတ်ကာ စစ်ဆေးရေးစခန်းကို ချိုးဖောက်ဝင်ရောက်ပြီးနောက် ပထမ ကားဗုံး ပေါက်ကွဲတယ်လို့ ရဲတွေက ပြောပါတယ်။ အဲဒီနောက် သမ္မတ အိမ်တော်နားက ဟိုတယ်ရှေ့မှာ ရပ်ထားတဲ့ ကားကနေ ဒုတိယ ကားဗုံး ပေါက်ကွဲခဲ့တာပါ။ အယ်လ်ရှာဘတ်တွေဟာ မြို့တော်မှာ အရင်ကလည်း ဗုံးခွဲ သေနတ်ပစ် လုပ်ရပ်တွေ အတွက် တာဝန်ယူကြောင်း ပြောခဲ့ဖူးပါတယ်။ အခုလည်း ဖေဖော်ဝါရီ ၂၃ ရက်နေ့ တိုက်ခိုက်မှုအတွင်း စစ်သား ၁၅ ယောက်ကို သတ်နိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up