A d v e r t i s e m e n t With Us

ဂျေရုဆလင်တွင် အမေရိကန်သံရုံး မေလအတွင်းဖွင့်နိုင်မည်ဟု နိုင်ငံခြားရေးဝန်ကြီးပြော

အစ္စရေးအခြေစိုက် အမေရိကန်သံရုံးကို မေလအတွင်း ဂျေရုဆလင်မြို့မှာဖွင့်နိုင်ဖို့ ယုံကြည်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုတဲ့အကြောင်း ကြေညာခဲ့တာပါ။ အခုလို ကြေညာချက်ကို အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကပါ ကန့်ကွက်ခဲ့ကြပါတယ်။ ဂျေရုဆလင်ရဲ့ အရှေ့ပိုင်းကို မြို့တော်အဖြစ် သတ်မှတ်ချင်နေတဲ့ ပါလက်စတိုင်းကလည်း ကန့်ကွက်ခဲ့ပါတယ်။ ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အနေနဲ့ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုခဲ့ကြပါဘူး။ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံကြား သဘောထားကွဲလွဲမှုတွေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up