Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှု ပပျောက်ရေး မန္တလေးတွင် ကမ်ပိန်းပြုလုပ်
DVB
·
February 24, 2018
မန္တ​လေး မဟာ​အောင်​​မြေမြို့နယ်​ ၆၂ လမ်း ဗိုလ်​ချုပ်​ပန်းခြံ​ရှေ့မှာ သက်​ငယ်​မုဒိန်းမှု ​လျော့နည်း ပ​ပျောက်​​ရေးကမ်​ပိန်းကို အွန်​လိုင်းပရဟိ မိသားစုနဲ့ မန္တ​လေးအ​ခြေစိုက် ပရဟိတမိတ်​​ဆွေတွေ ပူးေ​ပါင်းပြုလုပ်ခဲ့ပါတယ်။ “၂၀၁၆/၂၀၁၇ခုနှစ်​အတွင်း မြန်​မာနိုင်​ငံအတွင်း တိုင်း​ဒေသကြီးနဲ့ ပြည်​နယ်​​တွေအတွင်း ၁၆ နှစ်​ ​အောက်​က​လေးသူငယ်​​တွေကို မုဒိမ်းပြုကျင့်​ခံရတာဟာ သက်​ငယ်​မုဒိမ်းမူ ၂၂၆ မူအထိ များပြားလာတာ​ကြောင့် သက်​ငယ်​မုဒိမ်းမှုနဲ့ ပတ်​သက်​တဲ့ လက်​ကမ်းစာ​ဆောင်​​တွေ၊ စ​တေကာ​တွေ​ ဝေငှတာတွေနဲ့ က​လေးငယ်​​တွေကို အသိပညာ​ပေးနိုင်​မို့​ မျက်​လှည့်ပြသခြင်း၊ ဓာတ်​ပုံရိုက်​ခြင်း၊ အချိုရည်​တွေမုန့်​တွေကျွး​မွေးမှုတွေ ပြုလုပ်​​ပြီး သက်​ငယ်​မုဒိန်းမှုတွေ​ တနိုင်​ငံလုံးမှာ  ​လျော့ပါးသွားဖို့ ရည်​ရွယ်​ပြီး ဒီ​နေ့ကမ်​ပိန်းပွဲ​လေးကို ပြုလုပ်​ခဲ့တာ”​လို့ (ရဲ)ပရဟိတက ကိုမြတ်​သူဟိန်းက ပြောပါတယ်။ သက်​ငယ်​မုဒိန်း​လျော့ကျ​ရေး ကမ်​ပိန်းကို အမျိုးသာဒီမိုက​ရေစီအဖွဲ့ချုပ်​က လွှတ်​​တော်​ကိုယ်​စားလှယ်​တွေနဲ့ အဖွဲ့ဝင်တွေ၊ ပရဟိတအဖွဲ့တွေ၊ NGO  အဖွဲ့တွေ၊ သက်​ငယ်​မုဒိမ်းပြုကျင့်​ခံခဲ့ရ​တဲ့ က​လေးမိခင်တွေနဲ့ သက်​ငယ်​မုဒိမ်းမှုကို ဆန့်​ကျင်​ကျသူတွေ တက်​​ရောက်​ခဲ့ကြပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024