Home
မြန်မာသတင်း
အမြန်လမ်းတွင် လိုက်ထရပ်ကားတစီးတိမ်းမှောက်၊ ၈ ဦးဒဏ်ရာရ
DVB
·
February 24, 2018
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ‎၁၈၆/၀ နဲ့ ၁ အကြား ဒက္ခိဏသီရိမြို့နယ် ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်က လိုက်ထရပ်ကားတစီး တိမ်းမှောက်ခဲ့ပြီး ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ပလွေးအမြန်လမ်းရဲစခန်းက ပြောပါတယ်။ မန္တလေးကနေ ပြင်ဦးလွင်ကို ယာဉ်မောင်း ဦးစန်းလွင် မောင်းနှင်လာတဲ့ ‎လိုက်ထရပ်ကားဟာ ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရောက်ကာ တိမ်းမှောက်ခဲ့လို့ အမျိုးသား ၄ ဦး အမျိုးသမီး ၈ ဦး ပါလာတဲ့အနက် အမျိုးသား ‎၁ ဦး အမျိုးသမီး ၇ ဦး ဒဏ်ရာရသွားခဲ့တာ ဖြစ်ပါတယ်။ ‎ပလွေးအမြန်လမ်း ရဲစခန်းစခန်းမှူးရဲအုပ် ‎ဇော်လှိုင်ထွန်းက “ရဲတပ်ဖွဲ့ဝင် ၁၂ ဦး ကျန်းမာရေးအဖွဲ့ မီးသတ်တပ်ဖွဲ့တွေနဲ့ သွားတယ်။ ကားပေါ်ပါလာသူတွေက ပြင်ဦးလွင်မြို့နေကြသူတွေပါ။ ၈ ဦးကတော့ ‎ပွန်းပဲ့ဒဏ်ရာတွေရကြတယ်။ တပ်ဖွဲ့ပိုင်ကားနဲ့ပဲ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံပို့ပေးရတယ်” လို့ ပြောပါတယ်။ ပလွေးအမြန်လမ်းရဲစခန်းက ဦးစန်းလွင် ကို ယာဉ်မဆင်မခြင်ပေါ့ဆစွာမောင်းလို့ ပြင်းထန်းဒဏ်ရာရမှု၊ သာမန်ဒဏ်ရာရမှု ‎ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024