A d v e r t i s e m e n t With Us

ပထမအချီမှာတင် မချာဒိုကိုအလဲထိုးခဲ့သည့် ကမ္ဘာ့ချန်​ပီယံခါးပတ်​နှစ်​ခုရှင် မြန်​မာ့စပါးကြီး​မြွေ (ရုပ်သံ)

မ​နေ့ညကကျင်းပခဲ့တဲ့ one Championship ပြိုင်​ပွဲမှာ မြန်​မာနိုင်​ငံသား ဖိုက်​တာ နှစ်​​ဦးဖြစ်​တဲ့ ​ဝမ်းမစ်​ဒယ်​ဝိတ်​ ကမ္ဘာ့ချန်​ပီယံ​အောင်​လအန်​ဆန်းနဲ့ ဖိုး​သော်​တို့နှစ်​ဦးစလုံး အနိုင်​ရရှိခဲ့ပါတယ်​။ ဒါ့​ကြောင့် မြန်​မာပရိသတ်​​တွေ အားလုံးအတွက်​ စိတ်​​ကျေနပ်​စရာဖြစ်​ခဲ့ပါတယ်​။ ​အောင်​လဟာ ပြိုင်​ဘက်​ ဂျူဂျစ်​ဆုချန်​ပီယံ ဘရာဇီးနိုင်​ငံသား မချာဒိုကို ပထမအချီမှာတင်​ အနိုင်​ရရှိခဲ့တာဖြစ်​ပါတယ်​။ အောင်​လဟာ မချာဒိုကို ပထမအချီစက္ကန့်ပိုင်းအတွင်းမှာပဲ အပြင်းကန်​ချက်​နဲ့အတူ အလဲထိုး အနိုင်​ရခဲ့တာဖြစ်​ပါတယ်​။ ဒီနိုင်​ပွဲ​ကြောင့် ​အောင်​လအ​နေနဲ့ ဝမ်း​လိုက်​ဟဲဗီးဝိတ်​ချန်​ပီယံဘွဲ့ကိုပါ ရရှိခဲ့ပြီး ဒုတိယ​မြောက်​ ခါးပါတ်​ကိုရရှိခဲ့တာပါ။ ​ပွဲအပြီးမှာ ​အောင်​လက သူ့အ​နေနဲ့ အချိန်​သိပ်​မဖြုန်းချင်​​ကြောင်း၊​ နောက်​တပွဲကို ဇွန်​လ​လောက်​မှာ ချန်​ပီယံကာကွယ်​ပွဲအဖြစ်​ ထိုးသတ်​ဖို့ရှိ​နေပြီး​တော့ မစ်​ဒယ်​ဝိတ်​တန်း ချန်​ပီယံ ကာကွယ်​ပွဲဖြစ်​ဖို့ များတယ်​လို့ ​​ပြောပါတယ်​။ ဒီပွဲမှာ ပရိသတ်​​တွေ ဒုတိယစိတ်​အဝင်​စားဆုံးပွဲဖြစ်​တဲ့ ဖိုး​သော်​နဲ့ က​မ္ဘောဒီးယားနိုင်​ငံသား ဆွာဆီးတို့ပွဲမှာ ဖိုး​သော်​က ပထမအချီ တမိနစ်​​ကျော်​​ကျော်​မှာတင်​ အလဲထိုး အနိုင်​ရရှိခဲ့ပါတယ်​။ ဖိုး​သော်​ဟာ အခုပွဲမတိုင်​ခင်​က ပွဲချိန်​ကြာမယ်​လို့ ​ပြောထားခဲ့​ပေမယ့် မထင်​မှတ်​ပဲ သူ့ရဲ့ ​ခြေကန်​ချက်​က ဆွာဆီးရဲ့မျက်​နှာကို တန်းတန်းမတ်​မတ်​ဝင်​သွားခဲ့လို့ အနိုင်​ရရှိခဲ့တာဖြစ်​ပါတယ်​။ ဖိုး​သော်​က​တော့ သူအခုလိုအနိုင်​ရတာဟာ စိတ်​ခွန်​အားတခုတည်းနဲ့ အရာရာကို ဖြတ်​​ကျော်​လာခဲ့တာဖြစ်​ပြီး​တော့ ပရိသတ်​​တွေ​ကြောင့် အနိုင်​ရခဲ့တာလို့ ဆိုပါတယ်​။ အခြားပွဲစဉ်​​တွေမှာ​တော့ မ​လေးရှားက အက်​ဗ်​တင်းက ​ကော်​စတာရီကာက အ​အေရီရယ်​ ဆက်​တန်​ကိုလည်း​ကောင်း၊ ရုရှားက တိုင်​မို​ဖေးက စင်​ကာပူက ​အေမီရာခန်းကိုလည်း​ကောင်း အနိုင်​ရရှိခဲ့ကြပါတယ်​။ ရုပ်သံ - ONE Championship

A d v e r t i s e m e n t With Us

More News
Up