Live
Home
မြန်မာသတင်း
ပရီမီယာကော်ဖီ စက်ရုံ အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြ
DVB
·
February 23, 2018
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး အလုပ်ရှင်နဲ့ ၆ ကြိမ်​တိုင်​ညှိနှိုင်းမှု မ​ပြေလည်​​တဲ့အတွက်​ ပရီမီယာ​ကော်​ဖီစက်​ရုံက အလုပ်​သမား ၇၀၀​ ကျော်​ဟာ လှိုင်​သာယာမြို့နယ်​မှာ ဒီကနေ့မှာ ဆန္ဒထုတ်​​ဖော်​​နေကြပါတယ်။ အလုပ်​သမား​တွေဟာ လုပ်​ခလစာပြဿနာ၊ ကျန်းမာ​ရေး​စောင့်​​ရှောက်​မှု၊ ခွင့်ခံစားခွင့်​နဲ့ တန်းတူညီမျှမူ ပြဿနာ​တွေအပါဝင်​ ​တောင်းဆိုချက်​ ၁၄ ချက်​ကို ​တောင်းဆိုထား​ပေမယ့် အဓိကကျတဲ့ အချက်​​တွေကို ညှိနှိုင်းမှုတွေ မလုပ်​တာ​ကြောင့်​ ခုလို ဆန္ဒထုတ်​​ဖော်​တာလို့ ဆိုပါတယ်။ စက်​ရုံဘက်​က​တော့ အလုပ်​သမား​တွေအ​နေနဲ့ ​ဖေ​ဖော်​ဝါရီ ၂၁ ​နေ့အလုပ်​ပြန်​မဝင်​ရင်​ အလို​လျောက်​အလုပ်​ကနေ နုတ်​ထွက်​ပြီးသား ဖြစ်​တယ်​ဆိုတာကို စက်​ရုံရှေ့မှာ စာကပ်​​ကြေညာ ထားပါတယ်​ ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024