နှစ်ဖက် ဘောလုံးပရိသတ်များ ခိုက်ရန်ဖြစ်ပွားမှုကို တားဆီးရာမှ ရဲအရာရှိတဦး သေဆုံး

ဓာတ်ပုံ - REX/Shutterstock
1K
စပိန်နိုင်ငံတောင်ပိုင်း ဘီလ်ဘာအိုမြို့မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က နှစ်ဖက်ဘောလုံးအသင်း ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားတာကို တားဆီးဖို့ ကြိုးစားရာကနေ ရဲအရာရှိတဦး သေဆုံးခဲ့ပါတယ်။
အက်သလက်တစ် ဘီလ်ဘာအို အသင်းနဲ့ စပါတက်ခ်မော်စကိုအသင်းတို့ရဲ့ ယူရိုပါလိဂ်ပွဲ ယှဉ်ပြိုင်မကစားခင် အခုလိုဖြစ်ခဲ့တာပါ။
အသင်းနှစ်သင်းရဲ့ ပရိသတ်တွေ ရန်ဖြစ်တာကို တားဆီးဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိဟာ နှလုံးရောဂါဖောက်ခဲ့ပြီး ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ အချင်းများမှုမှာ အနည်းဆုံး လူ ၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီအသင်းနှစ်သင်းရဲ့ ပွဲစဉ်မှာတော့ စပါးတပ်ခ်မော်စကိုအသင်းက ဘီလ်ဘာအိုအသင်းကို နှစ်ဂိုး တဂိုးနဲ့ အနိုင်ရရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။