A d v e r t i s e m e n t With Us

အော့စတာဆန်စ်ကို ရှုံးသော်လည်း အာဆင်နယ် ယူရိုပါလိဂ် နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ် ၃၂ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပရီးမီးယားကလပ် အာဆင်နယ်နဲ့ ဆွီဒင်ကလပ် အော့စတာဆန်စ်တို့ မနေ့က ယှဉ်ပြိုင်ရာ အာဆင်နယ်က အိမ်ကွင်းမှာ နှစ်ဂိုး တဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ဒါပေမယ့် ဒီနှစ်သင်း ပထမအကျော့ ဆွီဒင်မြေမှာ ယှဉ်ပြိုင်ခဲ့စဉ်က အာဆင်နယ်က သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် လေးဂိုး နှစ်ဂိုးနဲ့ အာဆင်နယ် နောက်တဆင့် တက်ရောက်သွားတာပါ။ အာဆင်နယ်ဟာ ဒီပွဲမှာ တိုက်စစ်မှူး ဝဲလ်ဘက်၊ အိုင်ဝိုဘီ၊ မစ်ခီတာယန်း၊ ဝီလ်ရှီးယား၊ အယ်လ်နန်နီ၊ ဘယ်လာရင်၊ ကိုလာစီနက် စတဲ့ ကစားသမားတွေနဲ့ အရန်ကစားသမားတချို့တွဲပြီး ပွဲထွက်လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းမှာ အသာစီးရခဲ့ပါတယ်။ အော့စတာဆန်စ်ဟာ ပထမအကျော့က ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အတွက် အခုပွဲမှာ တသင်းလုံး ကြိုးစားပြီး ရုန်းကန်ကစားခဲ့တဲ့အတွက် အာဆင်နယ် အခက်တွေ့ခဲ့ရပါတယ်။ ဦးဆောင်ဂိုးတွေကိုလည်း အော့စတာဆန်စ်ကပဲ သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၂၂ မိနစ်နဲ့ ၂၃ မိနစ်မှာ နှစ်ဂိုးဆက်သွင်းကာ ပထမပိုင်းအပြီးမှာကတည်းက နှစ်ဂိုး ဂိုးမရှိနဲ့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့တာပါ။ အာဆင်နယ်အတွက် တလုံးတည်းသော ချေပဂိုးကို ပွဲချိန် ၄၇ မိနစ်မှာ ကိုလာစီနက်က သွင်းယူပေးခဲ့ပြီးနောက်ပိုင်း တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်တော့ဘဲ အော့စတာဆန်စ် နှစ်ဂိုး တဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up