Home
မြန်မာသတင်း
ဟိုတယ်ခရီး​နှင့်​ ပတ်သက်သည့်​ သတင်း​များ​ လွတ်လပ်စွာ​ရေး​သား​နိုင်
ရွှေအောင်
·
May 16, 2012
ဟိုတယ်ခရီး​ဝန်ကြီး​ဌာနနဲ့​ ပတ်သက်တဲ့​ သတင်း​တွေ လွတ်လွတ်လပ်လပ် ​ရေး​သား​ နိုင်​ကြောင်း​နဲ့​ သိလိုတာ​တွေရှိရင်လည်း​ ဆက်သွယ်​မေး​မြန်း​ဖို့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ထား​ရှိ​ပေး​တယ်လို့​ သိရပါတယ်။ ​နေပြည်​တော်မှာ ​မေ ၁၆ ရက်က ကျင်း​ပပြုလုပ်ခဲ့​တဲ့​ ဟိုတယ်ခရီး​ ဝန်ကြီး​ဌာနရဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ အခုလိုထုတ်​ဖော် ​ပြောကြား​လိုက်တာပါ။ သတင်း​စာရှင်း​လင်း​ပွဲမှာ အဓိကထား​ ရှင်း​လင်း​ပြောကြား​ခဲ့​တာ​တွေကို ဟိုတယ်ခရီး​ဝန်ကြီး​ဌာနရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ သတင်း​အချက်အလက်နဲ့​ မှတ်တမ်း​ဌာနညွှန်ကြား​ရေး​မှူး​ ဦး​မိုး​ဇော်ထွဋ်က အခုလို ​ပြောပြပါတယ်။ “လက်ရှိဝန်ကြီး​ဌာနလုပ်​ဆောင်ချက်​တွေအ​ပေါ်မှာ တချို့​ဂျာနယ်​တွေက ​ရေး​နေကြတာ လွဲသွား​မှာစိုး​လို့​ ကျ​နော်တို့​ လုပ်​နေတဲ့​ လမ်း​ကြောင်း​လေး​ကို ဂိုက်လိုင်း​ပြတာပါ။ ဥပမာ- ကန့်​သတ်နယ်​မြေ​ဖြေ​လျှော့​မှု ကိစ္စ​ပေါ့​။ ဘယ်လိုများ​ ဝန်ကြီး​ဌာနက လုပ်ပါသလဲ.၊​ ကန့်​သတ်နယ်​မြေက တကယ့်​ တကယ်က ပြည်ထဲ​ရေး​က သတ်မှတ်ထား​တာပါ။ ကန့်​သတ်နယ်​မြေထဲမှာ မပါတဲ့​ တချို့​ ချင်း​ပြည်နယ်က ​နေရာ​တွေ၊​ ကယား​ပြည်နယ်က ပ​ဒေါင်​ကျေး​ရွာ၊​ စစ်ကိုင်း​တိုင်း​က ရိဒ်​ရေအိုင် ​နေရာမျိုး​တချို့​တွေ၊​ ဒီ​နေရာ​တွေကို ကျ​နော်တို့​ဆီကို တင်ပြလို့​ရှိရင် ကျ​နော်တို့​က ကြိုတင်ခွင့်​ပြုချက်ကို တင်ပြ​တောင်း​ခံပြီး​တော့​ ​ဆောင်ရွက်​ပေး​လို့​ရတယ်ဆိုတာမျိုး​တွေ ​ပြောတာပါ။” ဒါ့​အပြင် တချို့​ဂျာနယ်​တွေမှာ ​ရေး​သား​ဖော်ပြ​နေကြသလို ဟိုတယ်ပြုပြင်တည်​ဆောက်ဖို့​ ဝန်ကြီး​ဌာနက ​ငွေထုတ်​ချေး​ပေး​မယ်ဆိုတာ မဟုတ်တဲ့​အ​ကြောင်း​၊​ ဟိုတယ်လုပ်ငန်း​လိုင်စင် ရှိသူ​တွေအ​နေနဲ့​ ​ငွေ​ချေး​လိုရင် ဝန်ကြီး​ဌာနအ​နေနဲ့​ ​ထောက်ခံ​ပေး​မယ်ဆိုတာသာ ဖြစ်တဲ့​အ​ကြောင်း​လည်း​ ရှင်း​ပြခဲ့​တယ်လို့​ ​ပြောပါတယ်။ သတင်း​စာရှင်း​လင်း​ပွဲကို ဟိုတယ်ခရီး​ဝန်ကြီး​နဲ့​ ဆက်စပ်ဝန်ကြီး​ဌာန​တွေက တာဝန်ရှိသူ​တွေ တက်​ရောက် ရှင်း​လင်း​ပြောကြား​ခဲ့​ပြီး​၊​ ဟိုတယ်ခရီး​ဝန်ကြီး​ဌာနနဲ့​ ပတ်သက်ပြီး​ သိလိုတာ​တွေရှိရင် ဝန်ကြီး​ဌာနရဲ့​ ဝက်ဘ်ဆိုဒ်မှာ ဝင်​ရောက်ဖတ်ရှုနိုင်သလို၊​ ဦး​မိုး​ဇော်ထွဋ်၊​ ညွှန်ကြား​ရေး​မှူး​ထံ ဆက်သွယ်​မေး​မြန်း​နိုင်​ကြောင်း​လည်း​ တက်​ရောက်လာတဲ့​ သတင်း​သမား​တွေကို အသိ​ပေး​ပြောကြား​ခဲ့​ပါတယ်။ ဒါဟာ အစိုး​ရသစ်လက်ထက် ဟိုတယ်ခရီး​ဝန်ကြီး​ဌာနရဲ့​ ပထမဆုံး​ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲလည်း​ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024