A d v e r t i s e m e n t With Us

ချန်ပီယံလိဂ် ဒုတိယအကျော့တွင် ချဲလ်ဆီးကို အနိုင်ယူမည်ဟု ဆွာရက်ဇ် ပြော

အိမ်ကွင်းမှာ ခြေစွမ်းပိုကောင်းအောင် ကစားနိုင်တာကြောင့် ချဲလ်ဆီးနဲ့ ဒုတိယအကျော့မှာ အနိုင်ယူမယ်လို့ ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ တဂိုးစီ သရေကျခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ မိမိတို့အိမ်ကွင်းမှာ မဖြစ်မနေ တိုက်စစ်ဆင်မှာဖြစ်လို့ နေရာလွတ်တွေ ပိုရလာမှာဖြစ်တယ်လို့ ဆွာရက်ဇ်က ဆိုပါတယ်။ ဆွာရက်ဇ်အနေနဲ့ ချဲလ်ဆီးနဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်း ပြသနိုင်ခြင်း မရှိတာနဲ့ ပတ်သက်ပြီးလည်း ပြိုင်ဘက်ရဲ့ ခံစစ်ကစားပုံကြောင့်ဖြစ်ပြီး ဒုတိယအကျော့အတွက် စိုးရိမ်မှု မရှိဘူးလို့ ပြောပါတယ်။ ဘာစီလိုနာနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို လာမယ့် မတ်လ ၁၄ ရက်နေ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up