ရီးရဲလ်၏ ကမ်းလှမ်းမှုကို ချဲလ်ဆီးဂိုးသမား ကော့တွိုက်စ် စောင့်ကြည့်နေ

1K
ချဲလ်ဆီးဂိုးသမား ကော့တွိုက်စ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေပေမယ့် ရီးရဲလ်အသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဘယ်လ်ဂျီယံဂိုးသမား ကော့တွိုက်စ်ဟာ လာမယ့် ၂၀၁၉ ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ချဲလ်ဆီးဘက်က စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာပါ။
မိမိရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှ ဆုံးဖြတ်ရခြင်း မရှိသေးဘဲ ရီးရဲလ်ဘက်က အမှန်တကယ် စိတ်ဝင်စားမယ်ဆိုရင် မိမိရဲ့အေးဂျင့်နဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ ဘာစီလိုနာနဲ့ တဂိုးစီသရေကျအပြီးမှာ ကော့တွိုက်စ်က ပြောပါတယ်။
ကော့တွိုက်စ်ရဲ့ ဇနီးနဲ့ ကလေးနှစ်ဦးဟာ မက်ဒရစ်မြို့မှာ အခြေချ နေထိုင်တာကြောင့် မက်ဒရစ်မြို့အခြေစိုက် ရီးရဲလ်အသင်းက ကမ်းလှမ်းမယ်ဆိုရင် ဆုံးဖြတ်ဖို့ ခက်ခဲနိုင်တယ်လို့လည်း ကော့တွိုက်စ်က ဆိုပါတယ်။