A d v e r t i s e m e n t With Us

တောင်အာဖရိက ရဲစခန်းကို သေနတ်သမားများ ဝင်ပစ်၊ ရဲ ၆ ဦး သေဆုံး

ဓာတ်ပုံ - dailysun
တောင်အာဖရိကနိုင်ငံက မြို့ငယ်တမြို့မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရဲစခန်းတခုကို သေနတ်သမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၆ ဦး သေဆုံးသွားပါတယ်။ သေနတ်သမားတွေဟာ ရဲစခန်းက လက်နက်တွေနဲ့ မော်တော်ယာဉ်တစီးကိုလည်း ယူဆောင် ထွက်ပြေးသွားခဲ့ပါတယ်။ အခုဖြစ်ရပ်ဟာ တောင်အာဖရိကနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၅၀၀ အကွာလောက်မှာရှိတဲ့ အန်ကျူကိုဘိုမြို့မှာ ဖြစ်ပွားခဲ့တာပါ။ အခုဖြစ်ရပ်ကို “အမျိုးသားကပ်ဘေး” အဖြစ် တောင်အာဖရိက ပြည်ထဲရေးဝန်ကြီး ဖီကီလီ ဘလူဝါက ခေါ်ဝေါ်သုံးနှုန်းသွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up