A d v e r t i s e m e n t With Us

အာဂျင်တီးနားတွင် မှောင်ခိုရာင်းရန် ဖမ်းထားသည့် မြွေအကောင် ၂၀၀ ကျော် သိမ်းဆည်း (ရုပ်သံ)

အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူနိုအေရိက တိုက်ခန်းတခန်းမှာ မှောင်ခိုရောင်းချဖို့ ဖမ်းဆီးထားတဲ့ မြွေအကောင် ၂၀၀ ကျော်ကို သက်ဆိုင်ရာက ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက သတင်းပေးချက်အရ သက်ဆိုင်ရာက တရားမဝင် ဖမ်းဆီးသိုလှောင်ထားတဲ့ မြွေတွေကို သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပုံးတွေထဲ ဖမ်းဆီးထားတဲ့ မြွေတွေထဲမှာ စပါးကြီးမြွေကနေ ရှားပါး မြွေစိမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။ ဖမ်းဆီးသိမ်းယူနိုင်ခဲ့တဲ့ တိုက်ခန်းနဲ့ ပတ်သက်သူတဦးကိုလည်း တရားမဝင် တိရစ္ဆာန် မှောင်ခိုရောင်းချမှုနဲ့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up