အရှုံးအနိုင်အဖြေမပေါ်သည့် ဆီဗီလာနှင့် မန်ယူတို့၏ ချန်ပီယံလိဂ် ရှုံးထွက်ပွဲ (ရုပ်သံဟိုက်လိုက်)
Published By
DVB | 22 February, 2018
1.1K
0
Share
0
Comment
0
Likes
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ပထမအကျော့ ရှုံးထွက်ပွဲစဉ်မှာ ဆီဗီလာနဲ့ မန်ယူအသင်းတို့ ဂိုးမရှိ သရေကျသွားပါတယ်။
ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာပေမယ့် ဆီဗီလာက ထိုးဖောက်ကန်သွင်းခွင့် ပိုရခဲ့ပါတယ်။
အိမ်ရှင် ဆီဗီလာအသင်းက ဂိုးပေါက်ကန်သွင်းခွင့် ရှစ်ကြိမ်အထိ ရခဲ့ပေမယ့် မန်ယူဂိုးသမား ဒီဂီယာ လက်စွမ်းပြ ကာကွယ်နိုင်လို့ သရေတမှတ် ရယူနိုင်တာ ဖြစ်ပါတယ်။ မန်ယူက ဒီပွဲမှာ ထိုးဖောက်ကန်သွင်းခွင့် နှစ်ကြိမ်ပဲ ရခဲ့ပါတယ်။
မန်ယူအတွက်တော့ ၄ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်လှမ်းလာတာပါ။
ဒီပွဲမှာ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာအနေနဲ့ ပွဲအစမှာ ပါဝင်ခွင့်မရပေမယ့် ၁၇ မိနစ်မှာ ဟာရဲရား ဒဏ်ရာရသွားတဲ့အတွက် လူစားလဲ ဝင်ရောက်ကစားခွင့် ရခဲ့ပါတယ်။
ဒီပွဲမှာ မန်ယူဂိုးသမား လက်စွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။
ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်ကို လာမယ့် မတ်လ ၁၄ ရက်နေ့ မန်ယူအိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။