ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာ၏သား ပြင်သစ်ကလပ် ဂူအမ်ဂမ့်သို့ ပြောင်းရွှေ့

1.2K
ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာရဲ့ သားဖြစ်သူ အစ်ဆက်ဒရော့ဘာဟာ ပြင်သစ်ကလပ် ဂူအမ်ဂမ့်အသင်းဆီ ပြောင်းရွှေ့သွားပါတယ်။
အသက် ၁၇ နှစ်ပဲရှိသေးတဲ့ တိုက်စစ်မှူး အစ်ဆက် ဒရော့ဘာဟာ ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့သွားတာပါ။
သူ့ရဲ့ ဖခင်ဖြစ်သူ ဒရော့ဘာဟာလည်း ၂၀၀၁ ကနေ ၂၀၀၃ ခုနှစ်အထိ ဂူအမ်ဂမ့်အသင်းမှာ ပါဝင်ကစားခဲ့ဖူးပါတယ်။
သားဖြစ်သူ အစ်ဆက် ဒရော့ဘာ ဂူအမ်ဂမ့်အသင်းဆီ ပြောင်းရွှေ့သွားတာနဲ့ပတ်သက်ပြီး ဒရော့ဘာက ကျေနပ်ဂုဏ်ယူကြောင်း သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပြီး အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဖရန့်လမ်းပတ်နဲ့ ဂျွန်တယ်ရီတို့ကလည်း ချီးကျူးပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒရော့ဘာရဲ့ သားဖြစ်သူ အစ်ဆက် ဒရော့ဘာ အနေနဲ့ ချဲလ်ဆီးယူ-၁၉ အသင်းမှာပဲ ကစားဖူးပြီး ဂူအမ်ဂမ့်အသင်းမှာ ဖခင်ဖြစ်သူ ဒရော့ဘာရဲ့ ခြေရာကို နင်းနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။