ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၆၆ ဦးသေဆုံး

ဓာတ်ပုံ - ဘီဘီစီ
ဆီးရီးယားနိုင်ငံ အရှေ့ဂူတာဒေသမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဆီးရီးယားအစိုးရ ထောက်ခံတဲ့ တပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆၆ ဦး သေဆုံးခဲ့ပါတယ်။ ဆီးရီးယားပြည်တွင်းစစ် ၃ နှစ်တာကာလအတွင်း အရှေ့ဂူတာဒေသမှာ လူအများဆုံး သေဆုံးတဲ့နေ့ ဖြစ်ခဲ့တယ်လို့ ဆီးရီးယား စစ်ပွဲစောင့်ကြည့်အဖွဲ့က ပြောပါတယ်။ ဆီးရီးယားမြို့တော် ဒမတ်စကတ်မြို့ အနီးတဝိုက်မှာ လေကြောင်းတိုက်ခိုက်မှု၊ အမြောက်ပစ်ခတ်မှုနဲ့ မော်တာကျည်ထိမှန်ပြီး သေဆုံးသူ အရေအတွက်ဟာ ၁၂၇ ဦး ရှိခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားစစ်ပွဲ စောင့်ကြည့်အဖွဲ့က ပြောပါတယ်။ ဆီးရီးယားတောင်ပိုင်း အာဘင်မြို့မှာ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက်  ဒဏ်ရာရတဲ့ ကလေးငယ်တွေကို ဆေးဝါးကုသပေးနေတဲ့ ဗွီဒီယိုဖိုင်ကို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up