A d v e r t i s e m e n t With Us

အိမ်မွေးကြောင်ကလေးကို ဝါးမျိုပြီး အိမ်အောက်ဝင်ပုန်းနေသည့် စပါးကြီးမြွေအား ဖမ်းမိ (ရုပ်သံ)

ဓာတ်ပုံ - Viral Press
ထိုင်းနိုင်ငံမှာ အိမ်မွေးကြောင်ကလေးတကောင်ကို ဝါးမျိုစားသောက်ကာ အိမ်အောက်မှာ ဝင်ပုန်းနေခဲ့တဲ့ အရှည် ၁၂ ပေရှိ စပါးကြီးမြွေကြီးတကောင်ကို ဖမ်းမိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံအလယ်ပိုင်း၊ ပထုံဌာနီခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့က ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ပိုင်ရှင်ဖြစ်တဲ့ အသက် ၅၀ အရွယ် နွန်ဖစ်ဆနူဟာ အိမ်မှာမွေးထားတဲ့ တနှစ်သား ကြောင်ထီးလေး ပျောက်နေလို့ လိုက်ရှာချိန်မှာ မတွေ့ခဲ့ဘဲ ကြောင်ကလေးကို ဝါးမျိုထားလို့ ဝမ်းဗိုက်ဖောင်းကားနေတဲ့ မြွေကြီးကိုသာ တွေ့ခဲ့ရတာပါ။ ကြောင်ကလေးဟာ အိမ်ရဲ့အချစ်တော်ဖြစ်တာမို့ နှမြောဝမ်းနည်းခဲ့ကြရပြီး မြွေကြီးကိုတော့ သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ ဆွဲထုတ်ဖမ်းဆီးခဲ့ကြရတာ ဖြစ်ပါတယ်။ “မြွေကြီးက အိမ်ထဲကို ညအချိန်ဝင်ခဲ့ပြီး ကြောင်ကလေးကို ဆွဲခဲ့တာ ဖြစ်နိုင်ပါတယ်။ သူက တကယ်ချစ်စရာကောင်းတဲ့ ကြောင်ကလေးပါ။ ကျနော့်အိမ်မှာ ဂိတ်တံခါးနဲ့ ခြံစည်းရိုးတွေ ခတ်ထားပေမယ့် ခုလို အမှတ်မထင် ဝင်လာခဲ့ရင် ဘာမှမတတ်နိုင်ပါဘူး” လို့ နွန်က ပြောပါတယ်။ ကြောင်ကလေးကိုတော့ စပါးကြီးမြွေဝမ်းဗိုက်ထဲကနေ အန်မထုတ်စေဘဲ သက်ဆိုင်ရာ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့တွေက ခေါ်ဆောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up