A d v e r t i s e m e n t With Us

သေဒဏ်မှလွတ်မြောက်ခဲ့သည့် သြစတြေးလျ အမျိုးသမီးအမှု မလေးရှားတရားရုံး ကြားနာမည်

သေဒဏ်ကနေ လွတ်မြောက်ခဲ့တဲ့ သြစတြေးလျ အမျိုးသမီးရဲ့အမှုအပေါ် အယူခံဝင်မှုကို  မလေးရှား အယူခံတရားရုံးက ကြားနာမှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတုန်းက ကွာလာလမ်ပူလေဆိပ်မှာ ကျောပိုးအိတ်အတွင်း မက်သာဖက်တမင်း တကီလိုဂရမ်ကျော် တွေ့ရှိမှုနဲ့ အသက် ၅၄ နှစ်အရွယ် သြစတြေးလျ အမျိုးသမီး မာရီယာ အယ်ဗီရာ ပင်တို အိပ်စ်ပိုစတိုကို ဖမ်းဆီးခဲ့ပါတယ်။ သုံးနှစ်အကြာမှာတော့ မလေးရှားပြည်နယ် တရားရုံးက အဲဒီအမျိုးသမီးဟာ အင်တာနက်ကနေ ချစ်သူဖြစ်သွားသူရဲ့ ထောင်ချောက်ဆင်မှုကြောင့် မူးယစ်ဆေးဝါးဆိုတာ မသိရှိဘဲ သယ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆုံးဖြတ်ပြီး အပြစ်မရှိကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် အစိုးရရှေ့နေတွေက ချက်ချင်း အယူခံဝင်ခဲ့ပြီး လာမယ့် ဧပြီ ၂၃ ရက်နေ့မှာ အယူခံတရားရုံးက ကြားနာမှာဖြစ်ပါတယ်။ “မတ်လ ၂၀ ရက်နေ့မှာ နောက်ထပ် အယူခံမှုကို ကြားနာပါလိမ့်မယ်။ ဒါပေမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ကြားနာမှု ပြုလုပ်ဖို့ ရက်သတ်မှတ်ပြီးသားလေ။ ဧပြီ ၂၃ ရက်နေ့က အပြီးကြားနာဖို့ သတ်မှတ်ထားတော့ မတ်လ ၂၀ ရက်နေ့ ကြားနာမှုက ဘာလဲပေါ့လေ။ အဲဒါက အယူခံကြားနာမှု အစီရင်ခံစာ အဆင်သင့်ဖြစ်စေဖို့ပါ။ အဲဒီအစီရင်ခံစာတွေက ပမာဏများနိုင်ပါတယ်။ ဒါပေမယ့် အဆင်သင့်ဖြစ်မှာပါ။ “ကျေနာ့်အမှုသည်ကို အာမခံပေးပေမယ့် အာမခံငွေက များတော့ အဲဒါကို မိသားစုက မတတ်နိုင်ဘူး။ ရင်းဂစ် သုံးသောင်းက သြစတြေးလျဒေါ်လာ တသောင်းနီးနီးပဲ။ အဲဒါကြောင့် တရားသေလွှတ်လိုက်တဲ့ အပြစ်မရှိတဲ့သူတဦးဆိုတဲ့ အချက်ကို ကျေနာ် စိတ်ပျက်တာ။ ဥပဒေသစ် အနေအထားကြောင့် အစိုးရရှေ့နေက တင်သွင်းတဲ့ အယူခံကို ရင်ဆိုင်ရမယ်ဆိုရင် ကျေနာ့်အမှုသည်ဟာ ဆက်ပြီး အကျဉ်းကျတဲ့သဘော ဖြစ်နေပါတယ်” လို့ ပင်တို အိပ်စ်ပိုစတိုရဲ့ရှေ့နေက ပြောခဲ့ပါတယ်။ ပင်တို အိပ်စ်ပိုစတိုဟာ တရားသေလွတ်ခဲ့ပေမယ့် မိသားစုက အာမခံငွေ ရင်းဂစ် သုံးသောင်း မတတ်နိုင်တာကြောင့် အခုချိန်ထိ မလေးရှားအကျဉ်းထောင်မှာ အကျဉ်းကျဆဲဖြစ်တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up