Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ ရန်ကုန်တွင် ကျင်းပ
DVB
·
February 21, 2018
အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ အထိမ်းအမှတ် အခမ်းအနားကို   ရန်ကုန်မြို့ စိမ်းလန်းစိုပြည်ပန်းခြံမှာ  ဒီနေ့ မနက်ပိုင်းက ကျင်းပပါတယ်။ မြန်မာနိုင်ငံက မတူကွဲပြားတဲ့ တိုင်းရင်းဘာသာစကားနဲ့ ယဉ်ကျေးမှုတွေဟာ စိတ်ဝင်စားစရာ ရှိတဲ့အပြင် ဒီနိုင်ငံရဲ့ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကား ဖွံ့ဖြိုးတိုးတက်ဖို့ မိခင်ဘာသာစကားနေ့ အခမ်းအနားကလည်း နိုင်ငံတခုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ပွဲစီစဉ်တဲ့ ဘာသာစကားနဲ့ လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဆိုပါတယ်။ အစိုးရအနေနဲ့လည်း ဒီလိုနေ့တွေမှာ ပါဝင်အားပေးလာတဲ့အတွက် တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဖွံ့ဖြိုးရေးအတွက် စိတ်ဝင်တစား အားပေးရာလည်း ရောက်တယ်လို့လည်း ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ကို ယူနက်စကိုက ၁၉၉၉ နိုဝင်ဘာလ ၁၇ မှာ ကြေညာချက်ထုတ်ခဲ့ပြီးနောက် ၂၀၀၈ခုနှစ် ကုလသမဂ္ဂညီလာခံမှာ ဆုံးဖြတ်ချက်ချကာ ဘာသာစကားတွေရဲ့ အပြည်ပြည်ဆိုင်ရာနေ့အဖြစ် တရားဝင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ကို  ဘာသာစကားနဲ့ လူမှုဖွံ့ဖြိုးရေးအဖွဲ့က နှစ်စဉ် ဦးဆောင်ပြုလုပ်လာတာဖြစ်ပြီး အခုနှစ်မှာ ဒုတိယအကြိမ်မြောက် ကျင်းပတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024