A d v e r t i s e m e n t With Us

ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် ဘိုင်ယန်က ဘီဆစ်တပ်ကို ၅ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့မှာ ဘိုင်ယန်မြူးနစ်က တူရကီကလပ် ဘီဆစ်တပ်အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ဧည့်သည် ဘီဆစ်တပ်အသင်းက ၁၆ မိနစ်လောက်မှာ တယောက်အထုတ်ခံရပြီး လက်ကျန်မိနစ်တွေကို တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ ဘိုင်ယန်ကပဲ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပြီး ဘိုင်ယန်အတွက် အနိုင်ဂိုးတွေကို သောမတ်မူလာက နှစ်ဂိုး၊ ကိုမန်းက တဂိုးနဲ့ လီဝမ်ဒေါ့စကီးက နှစ်ဂိုး အသီးသီး သွင်းယူပါတယ်။ အိမ်ရှင် ဘိုင်ယန်အတွက်တော့ ၁၄ ပွဲဆက်တိုက် အနိုင်ရတဲ့ပွဲလည်း ဖြစ်ပါတယ်။ တူရကီကလပ်ကတော့ အဝေးကွင်းမှာ ထိုးဖောက်ကန်သွင်းခွင့် တကြိမ်ပဲ ရခဲ့ပါတယ်။ ဘီဆစ်တပ်အသင်းဟာ အုပ်စုအဆင့်တုန်းက အဝေးကွင်း သုံးပွဲစလုံး အနိုင်ရထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးပြတ်နဲ့နိုင်လို့ ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်တဆင့်ကိုတက်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up