A d v e r t i s e m e n t With Us

ချန်ပီယံလိဂ်ပွဲစဉ် ချဲလ်ဆီးနှင့် ဘာစီလိုနာ ၁ ဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့မှာ ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့ တဂိုးစီ သရေကျသွားပါတယ်။ နှစ်သင်းစလုံး အဓိက ကစားသမားတွေနဲ့ လူစုံထုတ်ယှဉ်ပြိုင်သွားပြီး ပွဲစတာနဲ့ ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ဖိအားပေး ကစားနိုင်ခဲ့ကာ ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်။ ချဲလ်ဆီးက ဝီလျံရဲ့ကန်ချက်တွေ ကောင်းပေမယ့် တိုင်ထိတာနဲ့ ဂိုးသမား ကာကွယ်နိုင်လို့ နစ်နာသွားရပါတယ်။ အိမ်ရှင် ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို ၆၂ မိနစ်မှာ ဝီလျံက သွင်းယူပါတယ်။ ဒီပွဲမှာ ဝီလျံ ခြေစွမ်းပြနိုင်လို့ အကောင်ဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခြင်း ခံရပါတယ်။ ဘာစီလိုနာအတွက် ချေပဂိုးကို ချဲလ်ဆီးနောက်တန်း အမှားကနေ မက်ဆီက သွင်းယူပါတယ်။ တိုက်စစ်မှူး မက်ဆီ အတွက်တော့ ချန်ပီယံလိဂ် ၉ ပွဲမှာ ပထမဆုံး ဂိုးသွင်းယူနိုင်တာ ဖြစ်ပါတယ်။ ဘာကာဟာ အဝေးကွင်းမှာ ဂိုးသွင်းနိုင်လို့ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်အတွက် အသာစီး ရသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up