ဒီဗွီဘီ မာလ်တီမီဒီယာ အကယ်ဒမီသင်တန်းသားများ စာတွေ့လက်တွေ့သင်ယူနေစဉ် (ဓာတ်ပုံ)
DVB
·
February 20, 2018
ဒီဗွီဘီနဲ့ ချင်းမိုင်တက္ကသိုလ်တို့ပူးပေါင်းဖွင့်လှစ်လိုက်တဲ့ မာလ်တီမီဒီယာ အကယ်ဒမီ သတင်းပညာသင်တန်း ဖေဖော်ဝါရီ ၂၀ ရက်မနက် အတန်းမှာတော့ ချင်းမိုင်တက္ကသိုလ် Mass Communication ဌာနက Asst. Prof. Nantasit Kittiwarakul က “Audio Visual Techniques” သင်ရိုးကို သင်ကြားပို့ချနေပါတယ်။
သင်တန်းသားတွေဟာ ကင်မရာရှုထောင့်အမျိုးအစားတွေ၊ ရှုထောင့်ရွေးချယ်မှု သဘောတရားတွေ၊ ကင်မရာ Movement တွေနဲ့ မိုက်ခရိုဖုန်း အမျိုးမျိုး အသုံးပြုပုံအကြောင်းကို သီအိုရီနဲ့ လက်တွေ့ ယှဉ်တွဲ သင်ကြားရိုက်ကူးခဲ့ကြပါတယ်။