Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းနှင့် လူသတ်မုဒိမ်းများကို သေဒဏ်ပေးရန် လူထုလက်မှတ်ကောက်ခံ
DVB
·
February 20, 2018
  သက်ငယ်မုဒိမ်းနဲ့ လူသတ်မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ လူထုလက်မှတ်ကောက်ခံတာကို ရန်ကုန်မြို့မှာ ဒုတိယမြောက်နေ့အဖြစ် 4 Women's Voice အဖွဲ့က ရွှေတိဂုံဘုရား အနီးမှာ ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်နေပါတယ်။ သက်ငယ်မုဒိမ်းနဲ့ လူသတ်မုဒိမ်းတွေအတွက် ဥပဒေပြင်ဆင်ဖို့ ပြည်သူလူထုလက်မှတ် သုံးသိန်းပြည့်တဲ့အထိ ကောက်ခံသွားမှာဖြစ်ပြီးတော့ လွှတ်တော်ကို ဆက်လက်တင်ပြ သွားမှာဖြစ်ပါတယ်။ 4 Women's Voice မှာ ဦးဆောင်ပါဝင်တဲ့ အဆိုတော် လီလီနိုင်ကျော်က “ပြည်သူလူထုကြားမှာ လက်မှတ်ကောက်တဲ့အခါ တော်တော်များများကတော့ ဒီဥပဒေကို သေဒဏ်ပေးသင့်တယ်ဆိုပြီး သဘောတူကျတယ်။ လက်မှတ်ထိုးကြတယ်။ အခက်ခဲအနေနဲ့ ကတော့ ဆင်ခြေဖုံးရပ်ကွက်ထဲက ပြည်သူတွေက သူတို့အနေနဲ့ ဒီဥပဒေနဲ့ ပတ်သက်ပြီး သူတို့နဲ့ အနီးစပ်ဆုံးဖြစ်နေတာကြောင့် သေဒဏ်ပေးဖို့ ပြင်ဆင်ဖို့ လိုလားကြပေမယ့် သူတို့မှာ လက်မှတ်ထိုးရင် ဘာဖြစ်မယ်ဆိုပြီး ကြောက်တာနဲ့ မှတ်ပုံတင်မရှိတာ နံပတ်တွေမသိတာ ဒါတွေဖြစ်နေုကြပါတယ်"လို့ ပြောပါတယ်။ 4 Women's Voice အဖွဲ့အနေနဲ့ ဒီလိုလတ်မှတ်ကောက်ဖို့ကို မြို့နယ်တိုင်းအတွက် ခွင့်ပြုချက်မရပေမယ့် ရတဲ့မြို့နယ် ရပ်ကွက်တွေမှာ ဆက်ပြီး ကောက်ခံသွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024