အသင်းရှိ ကစားသမားတိုင်း နည်းပြကွန်တီကို ထောက်ခံအားပေးနေဟု ဟာဇက် ပြော

1K
အသင်းမှာရှိတဲ့ ကစားသမားတိုင်း နည်းပြ ကွန်နီကို ထောက်ခံအားပေးနေတယ်လို့ တောင်ပံကစားသမား ဟာဇက်က ပြောကြားလိုက်ပါတယ်။
နည်းပြ ကွန်တီအနေနဲ့ ချဲလ်ဆီးအသင်းကို ရလဒ်ကောင်းရရှိအောင် မစွမ်းဆောင်နိုင်တော့တာကြောင့် ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်နဲ့ အစားထိုး ခန့်အပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။
ဒီအခြေအနေနဲ့ပတ်သက်ပြီး နည်းပြကွန်တီရဲ့ အနောက်မှာ မိမိတို့အားလုံးရှိပြီး အသင်း နိုင်နိုင်၊ ရှုံးရှုံး အားလုံး တသားတည်း ဖြစ်တယ်လို့ ဟာဇက်က ဆိုပါတယ်။
ဒါပေမယ့် အနာဂတ်မှာ ဘာဖြစ်လာမလဲ ဆိုတာကတော့ ဘယ်သူမှ မပြောနိုင်ဘူးလို့လည်း ဟာဇက်က ဆက်ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီးလည်း အသင်းနဲ့ ၂ နှစ်ခွဲ စာချုပ်သက်တမ်း ရှိနေသေးပြီး အသင်းပြောင်းဖို့ လိုအပ်မယ်ဆိုရင် ပြောင်းရွှေ့ဖို့ရှိတယ်လို့ ဟာဇက်က ပြောကြားခဲ့ပါတယ်။