A d v e r t i s e m e n t With Us

လိဂ် ၁ ကလပ် ဝီဂန်ကိုရှုံးပြီး မန်စီးတီး အက်ဖ်အေဖလားမှ ထွက် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ ဝီဂန်အသင်းက နာမည်ကြီး မန်စီးတီးကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲရှုံးလို့ မန်စီးတီးအသင်းရဲ့ ဒီနှစ်အတွင်း ပြည်တွင်းမှာ ဖလားသုံးခုရရေး မျှော်လင့်ချက်တွေလည်း အဆုံးသတ်သွားပါတယ်။ ဒီပွဲမှာ မန်စီးတီးက အဓိက ကစားသမားတွေဖြစ်တဲ့ အဂွေရို၊ ဆေးလ်ဗား၊ ဖာနန်ဒင်ဟိုတို့နဲ့ ပွဲထွက်လာတာပါ။ ပွဲကစားချိန် ၄၅ မိနစ်မှာ မန်စီးတီးကစားသမား ဖေဘီယန်ဒတ်ဖ် အငြင်းပွားဖွယ်ရာ အနီကတ်နဲ့ အထုတ်ခံလိုက်ရပါတယ်။ လိဂ်ဝမ်းအသင်း ဝီဂန်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ၇၉ မိနစ်မှာ ဝေလ်ဂရစ်က သွင်းယူပါတယ်။ ဒီပွဲမှာ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု ၈၃ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့် ၂၉ ကြိမ်အထိ ရခဲ့ပါတယ်။ ဝီဂန်အတွက် အနိုင်ဂိုး သွင်းယူပေးတဲ့ ဝေလ်ဂရစ် ဒီပွဲမှာ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ဒီပွဲမှာ အကောင်းဆုံး ပေးဆပ်ခဲ့ပေမယ့် အမှားလုပ်မိခဲ့ပါတယ်။ အရှုံးအတွက် လက်ခံပါတယ်လို့ ပြောပါတယ်။ ဒီပွဲအနိုင်ရတဲ့ ဝီဂန်က အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်မှာ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up