အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲ၊ မီတာ ၅၀၀၀ အမြင့်ထိ ပြာများမှုတ်ထုတ်

ဓာတ်ပုံ - အေအက်ဖ်ပီ
အင်ဒိုနီးရှားနိုင်ငံက ဆီနဘန် မီးတောင်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပေါက်ကွဲမှုဖြစ်ပြီး မီတာ ၅၀၀၀ လောက် အမြင့်အထိ ပြာတွေကို မှုတ်ထုတ်နေပါတယ်။ မီတာ ၂၄၆၀ ကျော်မြင့်တဲ့ ဒီမီးတောင် လှုပ်ရှားနေတာဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက ဖြစ်ပါတယ်။ မီးတောင်ပြာတွေဟာ တောင်ဘက်နဲ့ အရှေ့တောင်ဘက်ကို အလိပ်လိုက် ရွေ့နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် အနီးနားမှာရှိတဲ့ မီဒန်မြို့ထဲက လေယာဉ်ပျံသန်းမှုတွေကို ထိခိုက်တာမရှိသလို ထိခိုက်သေဆုံးသူလည်း မရှိသေးဘူးလို့ အင်ဒိုနီးရှား အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေး အေဂျင်စီက ပြောပါတယ်။ ဒီနှစ်ထဲ အခုတကြိမ်ဟာ ဆီနဘန်မီးတောင်ရဲ့ လှုပ်ရှားမှုတွေထဲ အပြင်းထန်ဆုံး ဖြစ်ပါတယ်။ ဒီမီးတောင်ဟာ ၂၀၁၀ ပြည့်နှစ်မှာ အသက်မဝင်ခင်အထိ နှစ်ပေါင်း ၄၀၀ နီးပါး ငြိမ်နေခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up