ပခုက္ကူ ပျံကျဈေးတန်းကို စနစ်တကျ ပြန်တည်ဆောက်မည်
မြင့်နိုင်
·
February 19, 2018
ပခုက္ကူမြို့ရဲ့ မြို့မဈေး ပျံကျဈေးသည်တန်းကို စနစ်တကျ ပြန်လည်တည်ဆောက်ဖို့ ပခုက္ကူစ ည်ပင်သာယာ တာဝန်ရှိသူတွေနဲ့ ဈေးသူဈေးသားတွေ ညှိနှိုင်းတိုင်ပင်ခဲ့ကြပါတယ်။
စည်ပင်သာယာအနေနဲ့ ဈေးအဆောက်အဦပုံစံကို ရေးဆွဲပြထားပြီး နေရာပြန်ချထားချိန်မှာလည်း မူလနေရာ အနေအထားအတိုင်းနီးပါး ဖြစ်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒီပျံကျဈေးတန်းကို ပခုက္ကူမြို့ စည်ပင်သာယာက ရရှိတဲ့ အကောက်ခွန်ကနေ သုံးစွဲမှာဖြစ်ပြီး ဈေးသူဈေးသားတွေကတော့ တည်ဆောက်နေချိန် ကြာမြင့်ပါက ဈေးရောင်းဖို့နေရာ ခက်ခဲလာမှာကို စိုးရိမ်နေကြပါတယ်။