A d v e r t i s e m e n t With Us

တန်းစီပြီး အံပေါင်းယူခဲ့သည့် ထိုင်းရဲတပ်ဖွဲ့ဝင်များ၏ရုပ်သံ ဝေဖန်မှုမြင့်တက် (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မှာ  တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပရာ အိမ်တအိမ်ကနေ ရဲ တပ်ဖွဲ့ဝင်တွေ တန်းစီပြီး အန်ပေါင်း လက်ခံရယူခဲ့တဲ့ ဗွီဒီယိုပုံ လူမှုကွန်ရက်မှာ ပေါ်လာပြီးတဲ့နောက် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆီရီဝရား ရန်းဆီဖရမ်နကွန်းကလည်း ဒီကိစ္စဟာ ရဲ ၀န်ထမ်းကျင့်ဝတ်နဲ့ မလျော်ညီတာကြောင့် စုံစမ်းစစ်ဆေးဖို့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး စစ်ဆေးရာမှာ ရဲတွေကို  အန်ပေါင်းဝေငှပေးခဲ့သူမှာ ရဲဗိုလ်ချုပ်ကြီးတဦးရဲ့ ကိုယ်ရံတော်အဖြစ် တာဝန်ပေးခံရသူ ထောက်လှမ်းရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ်အဆင့်ရှိ မာနတ် တိုမ်းထနဆဒ်ဆိုသူဖြစ်ကြောင်း သိရှိရ တယ်လို့ ထိုင်းပီဘီ အက်စ်သတင်းမှာ ဖော်ပြပါတယ်။ အန်ပေါင်းဝေငှသူ  ဒုရဲအုပ်မှာ ပေးအပ်ထားတဲ့ ကိုယ်ရံတော်တာဝန်ကို အပြည့်ထမ်းဆောင်ခြင်း မရှိတဲ့အပြင် လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ ၂၀၁၈ ဖေဖော်ဝါရီ ၁၃ ရက် အတောအတွင်း အဖွဲ့အစည်းရဲ့ တာဝန်ပေးချက်ကြောင့် မဟုတ်ဘဲ သူ့ဖာ သာ နိုင်ငံခြားကို အကြိမ်ပေါင်း ၉၆ ကြိမ် အ၀င်အထွက်လုပ်ခဲ့ကြောင်းလည်း စုံစမ်းသိရှိရတယ်လို့  စုံးစမ်းစစ်ဆေးရေးကော်မတီမှ ရဲမှူးကြီး ခမ်းဖီး ဖရုန်းဆွန်ထိက သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့ကြောင့် သူ့ကို ရဲချုပ်ကိုယ်ရံတော်တာဝန်မှ ရုပ်သိမ်းပြီး မူလတာဝန်မှာ ပြန်လည်ထမ်းဆောင်ဖို့ ညွှန်ကြားခဲ့သလို တာဝန်ပေးအပ်ခြင်းမဟုတ်ဘဲ နိုင်ငံရပ်ခြားသွားခဲ့တဲ့ ကိစ္စ  ၇ ရက်အတွင်း  စုံစမ်းစစ်ဆေးချက်အစီရင်ခံစာတင်ဖို့  ရဲဌာနချုပ်က ညွန်ကြားထားပါတယ်။ အံပေါင်းလက်ခံရယူခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေမှာ ဘန်ကောက် နခွန်းဘန်း (မြို့တော်) နယ်မြေရှိ ရဲဌာန ၄ ခုကဖြစ်ပြီး စုံစမ်းချက်အရ အံပေါင်းလက်ခံရယူခဲ့သူ ရဲတပ်ဖွဲ့ဝင်တွေမှာ သတင်းတွေ ထွက်ပေါ်နေသလို ၆၀ ကျော်မဟုတ်ဘဲ ၂၀ ကျော်သာ တွေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါ အံပေါင်းထဲမှာ ငွေပမာဏ ဘယ်လောက်ပါလဲဆိုတာ မသိရတာကြောင့် ဘယ်လိုအရေးယူမလဲဆိုတာတော့ မသိသေးဘူးလို့  ရဲမှူးကြီးခမ်းဖီးက ဆက်ပြောပါတယ်။ ဒုရဲအုပ်က ရဲတွေကို အံပေါင်းပေးရတဲ့အကြောင်းမှာ အဆိုပါရဲတွေဟာ သူခရီးထွက်စဉ် သူ့အိမ်လုံခြုံရေးကို ၀ိုင်းဝန်းကြည့်ရှုပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ဆုချတာလို့ မိသားစုဝင်တွေ က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဥပဒေစောင့်ကြည့်ရေးအဖွဲ့တဖွဲ့ကတော့ သူတို့အနေနဲ့ အံပေါင်း လက်ခံတဲ့ကိစ္စ ဘယ်လိုအရေးယူမလဲဆိုတာထက် ရဲဝန်ထမ်းလောက အကျင့်ပျက်ဝန်ထမ်းကိစ္စ ဘယ်လိုတာဝန်ယူမလဲ ဆိုတာကို သိချင်တယ်လို့  သတင်းထောက်တွေကို ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up