အစ္စရေး တင့်ကားတစီး တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ဆယ်ကျော်သက် ၂ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
1K
ဂါဇာမှာ အစ္စရေး တင့်ကားတစီးရဲ့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ဆယ်ကျော်သက် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးအရာရှိတွေက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြောပါတယ်။
အစ္စရေးဘက်ကတော့ တင့်ကားဟာ အစ္စရေးနယ်မြေကို ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ မသင်္ကာသူကို ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုတခုကြောင့် အစ္စရေးစစ်သား လေးဦး ဒဏ်ရာရပြီးခဲ့တဲ့နောက် အစ္စရေးဟာ ဂါဇာမှာရှိတဲ့ ဟားမတ်စ် စစ်သွေးကြွတွေ နေရာ ၁၈ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
လက်နက်လုပ်ရုံတွေ၊ သင်တန်းပေးတဲ့ စခန်းတွေနဲ့ စောင့်ကြည့်ရေးရုံးတွေကို ထိမှန်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့ကတည်းက ပြုလုပ်တဲ့ တိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်ခင်းပိုင်းမှ အဆုံးသတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဂါဇာကမ်းမြောင်မှာ ပါလက်စတိုင်း စစ်သွေးကြွတွေနဲ့ အစ္စရေး တပ်ဖွဲ့တွေကြား ၂၀၁၄ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အကြီးမားဆုံး ထိပ်တိုက်တွေ့မှုတွေထဲက တခုဖြစ်တယ်လို့လည်း သတင်းက ဆိုပါတယ်။