A d v e r t i s e m e n t With Us

တရုတ်တွင် သံရည်ပူများကို မီးရှူးမီးပန်းသဖွယ် အသုံးပြု၍ နဂါးအကဖျော်ဖြေ (ရုပ်သံ)

သံရည်ပူတွေကို မီးရှူးမီးပန်းလို အသုံးပြုပြီး နဂါးအကနဲ့ဖျော်ဖြေပွဲကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ချောင်ကွင်ပြည်နယ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ထုန်းလျန်ခရိုင်က ရွာသားတွေကပြတဲ့ ဒီပွဲကို လူပေါင်း တစ်သောင်းနီးပါး ကြည့်ရှုခဲ့ပါတယ်။ နဂါးအရုပ်ကိုင်သူ ၂၀ ဟာ ၁,၀၀၀ ဒီဂရီ စဲစီးယက်စ်အထိ အပူပေးထားတဲ့ သံရည်ပူတွေကို လေထဲပစ်လိုက်တဲ့အခါ လှပတဲ့ မီးပန်းတွေ ထွက်လာတာပါ။ ကပြချိန် ရိုက်ထားတဲ့ ဗွီဒီယိုမှာတော့ တင်ဆက်သူတွေဟာ သံရည်ပူတွေ ဖြန်းချိန် ထွက်လာတဲ့ အလင်းတန်းတွေကြားမှာ နဂါးရုပ်ပျံ့နေပုံ တင်ဆက်နေကြတာကို တွေ့ရပါတယ်။ ဒေသရိုးရာအရ ၁၀ မိနစ်ကြာတဲ့ ဒီကပြမှုဟာ ကောက်ပဲသီးနှံအထွက်တိုးဖို့ ရည်ရွယ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ သံရည်ပူတွေကို နံရံကိုပစ်ပေါက်တဲ့ဓလေ့ဟာ ဟာဘေးပြည်နယ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒဏ္ဍာရီအရ ချို့တဲ့တဲ့ ပန်းထိမ်သည်တဦးဟာ ဗျောက်အိုးခ မတတ်နိုင်လို့ သံရည်ပူကို မီးပန်းလို ဖွာထွက်အောင် နံရံကို ပစ်ပေါက်ရာကနေ ဒီဓလေ့ စတင်ခဲ့တာလို့ တရုတ်သတင်းစာ ဟွမ်ကွေးမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up