Home
မြန်မာသတင်း
နယ်စပ်ဖြတ်ကျော် မူခင်းများ ပူးပေါင်းတိုက်ဖျက်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆွေးနွေး
DVB
·
February 18, 2018
အကြမ်းဖက်မှု၊ လူကုန်ကူးမှုနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ကြိုတင်ကကွယ်ရေးနဲ့ တားဆီးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲချုပ် အောင်ဝင်းဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် Dr. Mohammad Zabed Patwary နဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို မနေ့က ဒါကာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ မှုခင်းဆိုင်ရာ သတင်းအချက်အလက်ဖလှယ်တာ တိုးမြှင့်ဖို့၊  နယ်စပ်ဒေသမှာ မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင်ရောင်းဝယ်တာ၊  အကြမ်းဖက်တာ၊ လူကုန်ကူးတာနဲ့ နယ်စပ်ဖြတ်ကျော် မှုခင်းတွေ ကြိုတင်ကာကွယ်ရေးနဲ့ တားဆီးနှိမ်နင်းရေး စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ရဲချုပ်ဟာ ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူ ဖေဖော်ဝါရီ ၁၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လိုက်သွားခဲ့တာပါ။ ဒါ့အပြင် ရဲတပ်ဖွဲ့နဲ့ဆိုင်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးကြပြီး နှစ်နိုင်ငံရဲတပ်ဖွဲ့အချင်းချင်း ဆက်ဆံဆက်သွယ်မယ့် အမည်စာရင်းတွေကိုလည်း လဲလှယ်အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024