A d v e r t i s e m e n t With Us

ရေတွင်းထဲပြုတ်ကျသည့် ဆင်ပေါက်ကလေးကို ရွာသားများကယ်ဆယ် (ရုပ်သံ)

ထိုင်းနိုင်ငံအရှေ့ပိုင်း ချန်တာဘူရီခရိုင်မှာ ရေတွင်းထဲ ပြုတ်ကျတဲ့ ဆင်ပေါက်ကလေး တကောင်ကို ရွာသားတစုက ကယ်တင်ခဲ့ပြီး ဆင်လေးရဲ့မိခင်နဲ့ ပြန်လည်တွေ့သွားတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ ဆင်လေးက ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြုတ်ကျခဲ့တာဖြစ်ပြီး ရုပ်သံထဲမှာ သူ့ရဲ့ဦးခေါင်းကို ရေပေါ်ဖော်ကာ ရေတွင်းထဲက ထွက်နိုင်အောင် ကြိုးစားအားထုတ်နေတာ တွေ့ရပါတယ်။ ဆင်လေးရဲ့ မိခင်ဆင်မကြီးက ရာဘာစိုက်ခင်းတွေနားမှာ ကာထားတဲ့ လျှပ်စစ်ခြံစည်းရိုးနား ဖမ်းမိနေချိန် ဆင်လေးက ရာဘာစိုက်ခင်းထဲက ရေတွင်းထဲ မတော်တဆပြုတ်ကျသွားခဲ့တာပါ။ ဆင် ၂ ကောင်ရဲ့ ဆိုးဆိုးရွားရွားအော်သံတွေကြောင့် ရွာသားတွေ သိသွားပြီး မြေတူးစက်နဲ့ ရေတွင်းကို တူးခဲ့ကြရပါတယ်။ ဆင်လေးကို ရေတွင်းထဲက ထွက်နိုင်အောင် ကယ်တင်ဖို့ ၃ နာရီကြာခဲ့တယ်လို့ သိရပါတယ်။ ချန်တာဘူရီခရိုင်ရဲ့ ရာဘာစိုက်ခင်းတွေနေရာနဲ့ နီးရာ နေရာတော်တော်များများမှာ ဆင်ရိုင်းအုပ်တွေရှိလို့ လယ်သမားတွေက သူတို့စိုက်ခင်းတွေကို ဆင်တွေ ဝင်မဖျက်စီးနိုင်အောင် လျှပ်စစ်စည်းရိုးတွေနဲ့ကာထားတယ်လို့ စီစီတီဗွီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up